"လူ့အခွင့်ရေးနေ့ကို ဂုဏ်ပြု ကျံုးတစ်ပတ် စက်ဘီးစီး"

"လူ့အခွင့်ရေးနေ့ကို ဂုဏ်ပြု ကျံုးတစ်ပတ် စက်ဘီးစီး"
(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)

မန္တလေး၊ဒီဇင်ဘာလ ၁၀ ။         ။ မန္တလေးမြို့တွင် ၆၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေး အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၁၀ ရက် နံနက် ၇ နာရီမှစတင်ကာ စက်ဘီး အစီး ၅၀ ကျော်ဖြင့် ကျုံးတစ်ပတ်စီး၍ ဂုဏ်ပြုခဲ့သည်။

စက်ဘီးစီးခြင်းကို ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ၆၇လမ်းမှစတင်၍ မန္တလေးစက်ဘီးအသင်း၊ စာရေးဆရာ၊ကဗျာဆရာများ၊ လွှတ်တော်အမတ်များနှင့် လူမှုရေးအဖွဲ့များက ကျုံးတစ်ပတ်စီးခြင်းဖြစ်သည်။

လူထုရပိုင်ခွင့် ညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့(မြန်မာပြည်)၊ဥက္ကဋ္ဌ ကိုဆည်းဆာညီညီက "အခုလိုလုပ်တာဟာ ပြည်သူတွေအနေနဲ့ လူ့အခွင့်ရေးနေ့မှန်းသိရှိအောင်ရယ်။ပြီးတော့ ဒီလိုအပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ဖြစ်ပေါ်လာအောင် ကုလသမဂ္ဂက လူ့အခွင့်အရေးစာချုပ်စာတမ်းတွေထုတ်ပြန်တဲ့အခါ ပထမဆုံးထောက်ခံ လက်မှတ်ထိုးခဲ့တာ မြန်မာနိုင်ငံဆိုတာ နောင်လူတွေသိစေအောင်နဲ့ လူ့အခွင့်ရေးဆိုတာ လူသားအားလုံးမှာ တန်းတူရှိတယ်ဆိုတာ သိစေချင်တဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ။"ဟုပြောသည်။

အဆိုပါပွဲကို လူထုရပိုင်ခွင့်ညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့မှဦးဆောင်၍ သဘာဝချစ်သူများအဖွဲ့ လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူများ အဖွဲ့တို့မှပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly