ကောက်စိုက်သမ ရှားပါးလာသဖြင့် လယ်ယာစိုက်ပျိုးမှုတွင် စိန်ခေါ်မှုတရပ်ဖြစ်လာ

ကောက်စိုက်သမ ရှားပါးလာသဖြင့် လယ်ယာစိုက်ပျိုးမှုတွင် စိန်ခေါ်မှုတရပ်ဖြစ်လာ
ဓာတ်ပုံ - နိုင်ဟောင်ဆာ (ရာမည) ၊မဇ္စျိမ

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်အတွင်း အလုပ်အကိုင်ရှားပါးလာမှုနှင့် နေ့စားခရငွေ နည်းပါးမှုတို့ကြောင့် ကောက်စိုက် အမျိုးသမီးငယ် များသည့် မြို့နယ်ပြင်ပသို့ ထွက်ခွာလုပ်ကိုင်နေကြသဖြင့် အလုပ်သမားရှားပါးမှုကို ကြုံတွေ့ကြရပါသည်။ ထိုသို့ အလုပ်သမား ရှားပါးလာသဖြင့် လယ်ယာလုပ်ငန်းခွင်၌လည်း ထိခိုက်နစ်နာမှုများရှိနေသည်ကို တွေ့ရပါသည်။

လယ်ယာစိုက်ပျိုးမှုသည် ရာသီဥတုအပေါ် များစွာမူတည်လျှက်ရှိပါသည်။ လယ်ယာစိုက်ပျိုးသည့် ကောက်စိုက်သမတို့သည်လည်း မိုးရွာသွန်းမှုကို စောင့်ဆိုင်းပြီး လုပ်ငန်းခွင်သို့ ဝင်ကြရပါသည်။ မိုးသည်းထန်စွာ ရွာသွန်းပြီဆိုပါက ညနေပိုင်းတွင် ကောက်စိုက် သမသုတ် ဟုခေါ်သည့် ကောက်စိုက်သမ ခေါင်းဆောင်တစ်ဦးမှ ရွာလှည့်ပြီး ကောက်စိုက်သမကို နှိုးဆော်ကြပါသည်။ ကောက် စိုက်သမ တစ်သုတ်လျှင် ၁၅ ဦးမှ အယောက် ၃၀ ကျော်ထိ ရှိကြပါသည်။

ကောက်စိုက်သမများသည် နံနက် ၄ နာရီ အိပ်ယာထ ထမင်းဟင်းချက်ပြုတ်၊ အဝတ်အစားလဲ၊ နံနက်စာစား၊ ထမင်းထုတ်ပြီး ၅ နာရီခန့်တွင် လူစုပြီး ကောက်စိုက်သမသုတ် သတ်မှတ်နှိုးဆော်ထားသည့် လယ်ထဲသို့ ကောက်စိုက်ဆင်းကြပါသည်။

ကောက်စိုက်သမသုတ်ထဲတွင် နေ့စားလုပ်ဆောင်သူ ရှိသကဲ့သို့ လယ်ကွက်အလိုက် ဧကအအပြတ်ယူပြီး အလုပ်လုပ်ကြသူများ လည်း ရှိပါသည်။ ကောက်စိုက်သမများ၏ နေ့စားဝင်ငွေမှာ ကျပ် ၃၀၀၀ ဖြစ်သည်။

မိုးရွာသည့်ရက်များတွင် လယ်ကွက်ပေါ်၌ ရေတင်တတ်သဖြင့် အလုအယက် ထွန်ယက်စိုက်ပျိုးကြရပါသည်။ ယင်းအချိန် တွင် ကောက်စိုက်သမ အင်အား မလုံမလောက်မှုပြသနာသည် လယ်သမားအကြား အကြီးအမားဆုံးဖြစ်သည်။ သို့ရာတွင် ကောက်စိုက်သမသုတ်ပေါ်မူတည်ပြီး လူခွဲစိုက်ပျိုးခြင်းဖြင့် တစ်ဦးအပေါ်တစ်ဦး ကူညီရိုင်းပင်းကြပါသည်။

ကောက်စိုက်သမသုတ်သည် ကောက်စိုက်သမများ စပါးစိုက်ရာတွင် ခိုကပ်မှုမရှိစေရန်၊ အပင် ညီညာမှုရှိစေရန်၊ နားချိန်စားချိန်များ ကို စီမံခန့်ခွဲပြီး လှုံ့ဆော်ပေးရပါသည်။

ထိုကဲ့သို့ လယ်ယာစိုက်ပျိုးမှုတွင် အဓိကပါဝင်နေသည့် ကောက်စိုက်သမများသည် နေ့စဉ်ရှားပါးလာသည်နှင့်အမျှ လယ်ယာ စိုက်ပျိုးမှုတွင် စိန်ခေါ်မှုကြီးတရပ်ဖြစ်လာရသည်။ အမျိုးသားများအနေဖြင့် လယ်ထွန်ခြင်း၊ ပျိုးနှုတ်ခြင်းများသာလုပ် ကြကြီးကောက် စိုက်ရာတွင် အမျိုးသမီးကိုသာ အဓိကအသုံးပြုနေကြသည်ကို လယ်ယာတော်တော်များများတွင်တွေ့မြင်ရပါမည်။

ကျေးရွာများတွင် အမျိုးသမီးရှားပါးလာမှုကြောင့် နောင်အနာဂါတ်တွင် လယ်ယာစိုက်ပျိုးမှုတွင် ကောက်စိုက်သမများ နည်းပါးလာ ပြီး ပျောက်ကွယ်သွားမည်ကို တောင်သူဦးကြီးများ စိုးရိမ်လျှက်ရှိနေကြပါသည်။

ကောက်စိုက်သမ ရှားပါးလာမှုနှင့် လယ်ယာလုပ်ငန်းခွင် ပုံရိပ်တစ်ချို့ကို မဇ္ဈိမမှ ဓာတ်ပုံသတင်းထောက် နိုင်ဟောင်ဆာ (ရာမည) မှ မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများဖြင့် ဖော်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly