ပါလီမန် ဆိုက်ဘာ ထိုးဖောက်ခံရမှုအပေါ် နော်ဝေးအစိုးရက တရုတ်သံအမတ်ကို ဆင့်ခေါ်သတိပေး

By sputniknews.com
23 July 2021
ပါလီမန် ဆိုက်ဘာ ထိုးဖောက်ခံရမှုအပေါ် နော်ဝေးအစိုးရက တရုတ်သံအမတ်ကို ဆင့်ခေါ်သတိပေး

နော်ဝေ၏ လုံခြုံရေးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (PST) သည် အိုင်တီတိုက်ခိုက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေစဉ်တွင် နော်ဝေအာဏာပိုင်များက မတ်လတိုက်ခိုက်မှုအား နော်ဝေဒီမိုကရေစီကို တိုက်ခိုက်ခြင်းဟုဆိုကာ တရုတ်ကို ပြစ်တင်ဝေဖန်လိုက်သည်။

မတ်လတွင် ကျင်းပခဲ့သော နော်ဝေးပါလီမန် Storting အား ဆိုက်ဘာ တိုက်ခိုက်မှုအပေါ် နော်ဝေက တရုတ်ကို စွပ်စွဲခဲ့သည်။

အီးမေးလ်စနစ်များအတွင်းရှိ အချက်အလက်များ ဝင်ရောက်တိုက်ခိုက်ခံရကြောင်း မတ်လ ၁၀ ရက်တွင် နော်ဝေးပါလီမန် Storting က ထုတ်ပြန်ခဲ့သည်။

Microsoft Exchange အီးမေးလ်ဆာဗာရှိ လုံခြုံရေးယိုပေါက်များမှ တစ်ဆင့် ဟက်ကာများက တိုက်ခိုက်ခြင်းဖြစ်သည်။

"ဒါက ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံးဒီမိုကရေစီအဖွဲ့အစည်းကို ထိခိုက်စေတဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုပါပဲ" ဟု နိုင်ငံခြားရေး ဝန်ကြီး IneEriksenSøreide၏ ပြောစကားကို ကိုးကား၍ အမျိုးသားအသံလွှင့်ဌာန NRK မှ ဖော်ပြခဲ့သည်။

“ ကျွန်တော်တို့ရဲ့ မဟာမိတ်အတော်များများ၊ အီးယူနဲ့ မိုက်ကရိုဆော့ဖ်ကလဲ ဒီအချက်ကို အတည်ပြုကြ ပါတယ်။ တရုတ်အာဏာပိုင်တွေက ဒီလိုတိုက်ခိုက်မှုမျိုးမဖြစ်အောင် ကာကွယ်မှသာ အလားတူအဖြစ် အပျက်မျိုး ထပ်မဖြစ်တော့မှာပါ” ဟု သူမက ဆက်လက် ပြောသည်။

သူမ၏ ဝန်ကြီးဌာနသည် ယင်းတိုက်ခိုက်မှုကို တိုက်ရိုက်ဆွေးနွေးရန် တရုတ်သံအမတ်ကိုလည်း ဆင့်ခေါ်ခဲ့သည်ဟုဆိုသည်။

“ဆိုက်ဘာတိုက်ခိုက်မှု အားလုံးမှာ အခြားအရာတွေအပြင် မတူကွဲပြားတဲ့ သဲလွန်စပုံစံတွေ ကျန်ခဲ့တာကြောင့် ကျွန်မတို့ရဲ့လုံခြုံရေးစုံစမ်းစစ်ဆေးရေးမှုးတွေက ဒါတွေကို အကဲဖြတ်ပြီး အချက်အလက်တွေကို စုဆောင်းပါတယ်။ ရရှိတဲ့ အချက်အလက်တွေအပေါ်အခြေခံပြီး အစိုးရက ဒီတိုက်ခိုက်မှုဟာ တရုတ်ပြည်က လာတယ်ဆိုတာ သုံးသပ်လိုက်ပါတယ်” ဟု Søreideက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly