မြို့ကြီးများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်နိုင်ကြောင်း တရုတ်အစိုးရ သတိပေး

By thestandard.com
23 July 2021
မြို့ကြီးများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်နိုင်ကြောင်း တရုတ်အစိုးရ သတိပေး

တရုတ်နိုင်ငံတွင် လျှပ်စစ်လိုအပ်ချက် မြင့်မားလာခြင်းနှင့် လျှပ်စစ်ဓာတ်အားထောက်ပံ့ပေးနိုင်မှု အားနည်းခြင်းကြောင့် အဓိကမြို့ကြီးများရှိ အိမ်များနှင့် စက်ရုံများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နိုင်သည်ဟု တာဝန်ရှိသူများက သတိပေးထားသည်။

ပေကျင်းမြို့နှင့် ရှီအန်မြို့အပါအဝင်လူဦးရေထူထပ်များပြားသည့်မြို့များတွင် လျှပ်စစ်ဓာတ်အားအလွန် အကျွံသုံးစွဲမှုများကြောင့် ဓာတ်အားလိုင်းကွန်ရက်များထိန်းသိမ်းရန် အခက်အခဲရှိသဖြင့် သတ်မှတ်ချိန်ထက်ပို၍ လျှပ်စစ်ဓာတ်အားပြတ်တောက်နိုင်ကြောင်း သတိပေးထားသည်။

နိုင်ငံအရှေ့ပိုင်း ကုန်ထုတ်လုပ်မှုအချက်အချာဒေသများနှင့် ကုန်းတွင်းပိတ်အလယ်ပိုင်းဒေသများ အပါအဝင် ပြည်နယ် ၁၁ ခုတွင် ပြီးခဲ့သည့်ဆောင်းရာသီ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ တွေ့ကြုံခဲ့သည်။

ပြီးခဲ့သည့် သတင်းပတ်အတွင်းကလည်း ဓာတ်အားလိုအပ်ချက်နှင့် သုံးစွဲမှုနှုန်း စံချိန်တင် မြင့်တက်ခဲ့ကြောင့် China State Grid Corporation မှ ပြောကြားခဲ့သည်။

နွေရာသီအစောပိုင်းကာလများအတွင်း အပူချိန်သည် စိုးရိမ်ဖွယ်ရာအဆင့်သို့ ရောက်ရှိနေခြင်းကြောင့် နိုင်ငံ၏လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများသည် အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာအနှံ့ရှိ အခြားနေရာများကဲ့သို့ပင် ဖိအားများကြုံတွေ့နေရသည်။

ကိုဗစ်ကပ်ရောဂါကြောင်း ကျဆင်းခဲ့သောစီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းကြောင့်လည်း ဇွန်လက လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁၀ ရာခိုင်နှုန်းမြင့် တက်လာကို ဓာတ်အားလိုအပ်ချက် ပိုမို မြင့်တက်စေခဲ့သည်။

အပူလှိုင်းများနှင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမြင့်တက်မှုများက တရုတ်နိုင်ငံ၏ အဓိကစွမ်းအင် အရင်းအမြစ် ဖြစ်သော ကျောက်မီးသွေးလုပ်ငန်းတွင် ဖိအားပိုမို ဖြစ်လောစေသည်။

ကျောက်မီးသွေး လိုအပ်ချက် ပိုမိုများပြားလာနိုင်သောကြောင့် ဇူလိုင်လ ၂၁ရက်က ကျောက်မီးသွေး ဈေးနှုန်းသည်တစ်တန်လျှင် ယွမ် ၉၂၆ အထိမြင့်တက်ခဲ့ပြီး မေလက တစ်ရက်အတွင်း ၉၄၄ ဒသမ၂ ယွမ်အထိစံချိန်တင်မြင့်တက်ခဲ့သည့် ဈေးနှုန်းသို့ နီးကပ်လာနေသည်။

တရုတ်၏ ထိပ်တန်းဈေးကွက်စည်းကြပ်သူ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က ကျောက်မီးသွေးအရန် သိုလှောင်ထားမှု အများအပြားရှိကြောင်း ကတိပြုပြောကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required