အိန္ဒိယတွင် ၂၀၂၁ ခုနှစ်အတွင်း ငှက်တုပ်ကွေးရောဂါကြောင့် ပထမဆုံးအကြိမ် သေဆုံးမှု ဖြစ်ပွား

အိန္ဒိယတွင် ၂၀၂၁ ခုနှစ်အတွင်း ငှက်တုပ်ကွေးရောဂါကြောင့် ပထမဆုံးအကြိမ် သေဆုံးမှု ဖြစ်ပွား

အိန္ဒိယနိုင်ငံတွင် H5N1 ငှက်တုပ်ကွေးရောဂါကုသမှုခံယူနေသည့် အသက် ၁၂ နှစ်အရွယ် ယောက်ျားလေး တစ်ဦးသည် အိန္ဒိယဆေးဘက်ဆိုင်ရာသိပ္ပံအင်စတီကျူ(AIIMS) တွင် ကွယ်လွန်သွားရာ ၂၀၂၁ခုနှစ်အတွင်း နိုင်ငံတွင်း ပထမဆုံးအကြိမ် ငှက်တုပ်ကွေးရောဂါကြောင့်သေဆုံးခြင်းဖြစ်သည်။

အဆိုပါ ကလေးငယ်သည် AIIM ကလေးအထူးကုဌာနတွင် ဇူလိုင် ၂၀ က သေဆုံးခဲ့ခြင်းသည်။

ဆေးရုံ၏ အဆောင် D5 တွင် ကုသမှုခံယူနေသည့် အသက် ၁၂ နှစ်အရွယ် အဆိုပါ ယောက်ျားလေးသည် ရောဂါစစ်ဆေးပြီးနောက် H5N1 ငှက်တုပ်ကွေးရောဂါ ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ၎င်းသည် အဆုတ်ယောင်နှင့် သွေးကင်ဆာရောဂါလည်းခံစားနေရသည်။

သူသည် ကုသမှုခံယူနေပြီး ဒေလီမြို့ရှိ AIIMS ၏ အထူးကြီးကြပ်ကုသဆောင်သို့ ရောက်ခဲ့ရသည်ဟု AIIMS မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“သူနဲ့ ထိတွေ့ခဲ့တဲ့ ဝန်ထမ်းအားလုံးကိုလဲ တုပ်ကွေးရောဂါလက္ခဏာတွေရှိမရှိကို စစ်ဆေးပြီး ရှိခဲ့ရင် အစီရင်ခံစာတင်ရပါမယ်” ဟု AIIMS အရာရှိများက ပြောကြားခဲ့သည်။

၎င်းအား ကုသမှုခံယူစဉ် ကိုဗစ်-၁၉ နှင့် တုပ်ကွေးရောဂါစစ်ဆေးခြင်းကိုလည်း ပြုလုပ်ခဲ့သည်။

"နမူနာဆေးစစ်ချက်အရတော့ ကိုဗစ်-၁၉ကူးစက်ထားတဲ့လက္ခဏာမတွေ့ရပါဘူး။ တုပ်ကွေးရောဂါဖြစ်ပေမယ့် ဘာတုပ်ကွေးမှန်း မသိတာကြောင့် အမျိုးသားဗိုင်းရပ်စ်ဗေဒဌာနမှာ စစ်ဆေးလိုက်တဲ့အခါ H5N1 ငှက်တုပ်ကွေးရောဂါဖြစ်တယ်လို့ သူတို့က အတည်ပြုပါတယ်" ဟု သတင်းရင်းမြစ်က ဆိုသည်။

ရောဂါဖြစ်ပွားမှုအသေးစိတ်ကို အမျိုးသားရောဂါထိန်းချုပ်ရေးစင်တာ (NCDC) သို့ တင်ပြခဲ့ပြီး ယင်းအဖွဲ့က ရောဂါဖြစ်သူနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေဆက်သွယ်ခြင်းကိုစတင်ပြုလုပ်ခဲ့ကာ သေဆုံးသူနှင့် တူညီသည့် အလားတူရောဂါလက္ခဏာများထပ်မံဖြစ်ပွားမှုရှိမရှိ စစ်ဆေးခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly