“မြန်မာ့မီးရထား ဝင်ငွေ တိုးစေချင်ပါသလား”

“မြန်မာ့မီးရထား ဝင်ငွေ တိုးစေချင်ပါသလား”

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်မှာနေတဲ့ ကိုနေထက်ပိုင်က မဇ္ဈိမ စာဖတ်သူကဏ္ဍကို မေးလ်နဲ့ စာတစ်စောင် ပေးပို့လာပါတယ်။ ရန်ကုန်မြို့နေ ခရီးသွား ပြည်သူ တွေအနေနဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်ဆို တာကို ခရီးသွား ပြည်သူတစ်ဦးအနေနဲ့ ရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ တခြားသူတွေလို မထသ ယာဉ်လိုင်းတွေအကြောင်း ရေးသားခဲ့တာ မဟုတ်ဘဲ မီးရထားစီး ခရီးသည်တစ်ယောက်ရဲ့ ခံစားမှု အတွေ့အကြုံကို စာဖတ်သူကဏ္ဍမှတစ်ဆင့် မြန်မာ့ မီးရထားက တာဝန်ရှိ ပုဂ္ဂိုလ်တွေ သတိမူမိအောင် ရေးသားခဲ့တယ်လို့ ယူဆတာကြောင့် ဖော်ပြပေးလိုပါတယ်။

သူဟာ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး သူနေတဲ့ အိမ်အနီးနားမှာ ပန်းလှိုင်ဘူတာရှိနေပြီး သူအ လုပ်ရှိတဲ့ နေရာကလည်း ဘောက်ထော်ဘူတာနဲ့ နီးတဲ့အတွက် ရုံးတက်တဲ့နေ့တိုင်းလို မီးရထား စီးဖြစ် ခဲ့တယ်လို့ ဆိုပါတယ်။ ကားနဲ့သွားမယ်ဆိုရင် ကားနှစ်ဆင့် ပြောင်းစီးရပြီး ငွေပိုကုန်တဲ့အပြင် လမ်းမှာ ယာဉ်ကြောတွေ ပိတ်နေလို့ ရုံးနောက်ကျတာမျိုးတွေ ဖြစ်တက်တာကြောင့် သူ့အတွက်တော့ ရထားနဲ့ သွားရတာက အဆင်ပြေဆုံးဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဆင်မပြေတာတစ်ခုကို ပြောချင် လို့ ဒီစာရေးတာပါ။ ရထားလက်မှတ်ခက နှစ်မျိုးရှိပြီး တစ်မျိုးက ရထားလက်မှတ်ခက ခရီးအကွာအ ဝေးပေါ် မူတည်ပြီး၊ ၅၀၊ ၁၀၀၊ ၂၀၀ ကျပ် ပေးရတဲ့ ရိုးရိုးတန်းဖြစ်ပြီး နောက်တစ်မျိုးက ပုံသေ ၃၀၀ ကျပ်ပေးရတဲ့ အဲကွန်းရထား ဖြစ်ပါတယ်။ အဲကွန်းရထားက စစချင်းစီးစမှာ အေးလွန်း လို့ သဘောကျ နှစ်သက်ခဲ့ပေမယ့် အခုချိန်မှာတော့ အဲကွန်းမစီးပဲ ရိုးရိုးရထားကိုပဲ စီးဖြစ်ပါတော့တယ်။ အဲကွန်းမအေး လည်း ချောင်ချောင်ချိချိ စီးရပြီး နေရာရပေမယ့် အဲကွန်းမလာရင် တွဲမှာရှိတဲ့ မှန်တံခါးတွေက လုံးဝ ဖွင့်မရတဲ့အတွက် တွဲထဲမှာ နေရတာ ပိတ်လှောင် မွန်းကြပ်ပြီး အသက်ရှူမဝဘဲ ချွေးဒီးဒီး ကျရပါတယ် လို့ ဆိုပါတယ်။

ရထားဝန်ထမ်းတစ်ဦးကို မေးကြည့်တဲ့အခါ အဲကွန်းတွေ ပျက်နေလို့ ဖွင့်မရတာကြောင့် ဖြစ်ရ တဲ့အကြောင်း ပြောပြပါတယ်။ ဒီမီးရထားတွဲတွေထုတ်တဲ့ နိုင်ငံတွေရဲ့ ရာသီဥတုနဲ့ မြန်မာနိုင်ငံ ရာသီ ဥတုက မတူညီလို့ ဒီလိုပဲ မကြာခဏ ပျက်နေရင် ရထားစီး ခရီးသည်တွေမှာ ကွန်တိန်နာကားထဲ ဝင်နေရသလို ခံစားရတာကြောင့် အကြောင့်သိတဲ့ သူတွေဆို အခုအခါမှာ အဲကွန်းရထား မစီးကြတော့ ဘဲ ပြတင်းပေါက်များလို လေဝင်လေထွက်ကောင်းတဲ့ ရိုးရိုး မီးရထားကိုပဲ ၅၀၊ ၁၀၀ ပေးပြီး စီးကြပါ တော့တယ်။ တစ်ခါတစ်လေမှာ ကြက်ဘဲဈေးနားက ဘူတာကနေပြီး အဲကွန်းရထားတွဲထဲကို ကြက်ဘဲ တွေ တင်တက်ကြတာမို့ မွန်းကျပ်နေရတဲ့အထဲ မကောင်းတဲ့ အနံ့အသက်ကိုပါ ခံစားကြရတာကြောင့် ဖြစ်နိုင်ရင် အဲကွန်းရထားကို ရှောင်လာကြတာကို သူ့ ကိုယ်တွေ့ပါပဲလို့ ဆိုပါတယ်။

အချိန်နဲ့ ငွေကုန် တာ သက်သာပြီး သွားလာရတာ အဆင်ပြေတဲ့ မြန်မာ့မီးရထားကို ခရီးသည်တွေအနေနဲ့ စီးချင်ကြလို့ ခရီးသွားပြည်သူတွေအတွက် မြန်မာ့မီးရထားကို ယခုထက် ပိုပြီး တိုးတက်မြင့်မားအောင် အဲကွန်းမပါ ရင်သော်မှ ပြတင်းပေါက်ဖွင့်လို့ရတဲ့ အနေအထားမျိုး ပြုပြင်ပေးပြီး ခရီးသည်တွေကို အနှောက်အ ယှက်ဖြစ်စေတဲ့ ကုန်ပစ္စည်း တင်ဆောင်မှုတွေကို တက်နိုင်သမျှ ထိန်းသိမ်းပေးမယ်ဆိုရင် စီးတဲ့သူ ပိုများပြီး မြန်မာ့မီးရထားလည်း ဝင်ငွေတိုးမှာ ဖြစ်တဲ့အကြောင်း အကြံပြုရေးသားလာတဲ့ ရထားခရီး သည်တစ်ဦးရဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly