ထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုကောင်းပေးရန်နှင့် လူ့အခွင့်အရေးလေးစားရန် ၁၅ နိုင်ငံသံတမန်များတိုက်တွန်း

ထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုကောင်းပေးရန်နှင့် လူ့အခွင့်အရေးလေးစားရန် ၁၅ နိုင်ငံသံတမန်များတိုက်တွန်း

ဇူလိုင် ၂၃

အင်းစိန်ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသူများက ဆန္ဒပြမှု ယနေ့နံနက်ကဖြစ်ပေါ်ခဲ့ပြီးနောက် အကျဉ်းထောင်များတွင် ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုပေးရန်နှင့် လူ့အခွင့်အရေးများကို လေးစားလိုက်နာရန် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ သံတမန်များက တိုက်တွန်းလိုက်သည်။

စစ်အစိုးရကို " အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းရန်" နှင့် ဆက်လက်ဖြစ်ပေါ်ပြောင်းလဲနေသောအခြေအနေကို  " အနီးကပ်စောင့်ကြည့်နေပါသည်။" ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

 ထုတ်ပြန်ချက်ကို ဩစတေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ နှင့် သံရုံးအကြီးအကဲများက ပူးပေါင်းလက်မှတ်ရေးထိုးထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly