မြန်မာကို Su-30 တိုက်လေယာဉ်များ ပေးသွင်းထောက်ပံ့မည့် အစီအစဉ် ရုရှား ဆက်လုပ်နေ

မြန်မာကို Su-30 တိုက်လေယာဉ်များ ပေးသွင်းထောက်ပံ့မည့် အစီအစဉ် ရုရှား ဆက်လုပ်နေ
The Russian Su-30 fighter jet. - AFP

ဇူလိုင် ၂၃

ရုရှားသည် မြန်မာကို Su-30 တိုက်လေယာဉ်များနှင့် Yak-130 လေ့ကျင့်ရေး လေယာဉ်တို့ ပေးသွင်းထောက်ပံ့မည့် အစီအစဉ်များကို ဆက်လုပ်လျက် ရှိကြောင်း ရုရှား စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ အကြီးအကဲ ဒီမစ်ထရီ ရှုဂေးယက်ဗ်က ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့ကြောင်း Interfax သတင်းအေဂျင်စီက ဖော်ပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြန်မာကို လေယာဉ်အပါအဝင် စစ်ဘက်သုံး အကြီးစားလက်နက်ပစ္စည်းများ ပေးသွင်းရန် ရုရှားနှင့် မြန်မာအာဏာသိမ်းစစ်အုပ်စုအကြား နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီ အကြီးအကဲက ပြောကြားခဲ့သေးသည်။

“လေယာဉ်အပါအဝင် စစ်ဘက် ထုတ်ကုန်တွေ ထောက်ပံ့ပေးသွင်းဖို့ ကျွန်တော်တို့အကြား နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိနေပါတယ်” ဆိုပြီး Rosoboronexport ကုမ္ပဏီ အကြီးအကဲ အလက်ဇန္ဒား မစ်ခိဗ် က ပြောကြားခဲ့ကြောင်း Interfax သတင်းအေဂျင်စီက ကိုးကားဖော်ပြသည်။

မော်စကိုသည် မြန်မာအာဏာသိမ်းစစ်တပ်နှင့်အကြား နှစ်ဘက် အပြန်အလှန် လည်ပတ်မှုများနှင့် လက်နက် သဘောတူညီချက်များ ဆက်လုပ်နေခြင်းအားဖြင့် အာဏာသိမ်းစစ်အုပ်စုကို တရားဝင်ဖြစ်စေရန် လုပ်နေကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly