ဂျပန် စစ်သူရဲကောင်း ဂူဗိမာန် ဗုံးခွဲခံရပြီးနောက် တောင်ကိုရီးယားတစ်ဦးကို ဖမ်းဆီးထား

ဂျပန် စစ်သူရဲကောင်း ဂူဗိမာန် ဗုံးခွဲခံရပြီးနောက် တောင်ကိုရီးယားတစ်ဦးကို ဖမ်းဆီးထား

တိုကျို၊ ဒီဇင်ဘာ ၉ ။                ။ ဂျပန်နိုင်ငံ တိုကျိုရှိ အငြင်းပွားဖွယ် ယာဆူကူနီစစ်ဂူဗိမာန်တွင် ကုန်လွန်ခဲ့သည့် အသေးစားပေါက်ကွဲမှုတစ်ရပ်ဖြစ်ပြီးနောက် ဒီဇင်ဘာ ၉ ရက်တွင်   တောင်ကိုရီးယားနိုင်ငံသား တစ်ဦးက ရဲက ဖမ်းဆီးလိုက်သည်။

တောင်ကိုရီးယားမှ ဂျပန်သို့ ပြန်လည်ဝင်ရောက်လာသည့် အသက် ၂၇ နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသားအား တိုကျိုမြို့တော်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း NHK အပါအဝင် သတင်းဌာနများက ဖော်ပြသည်။

Jeon Chang Han ဆိုသူအား ဂူဗိမာန်အတွင်း ခိုးဝင်ရောက်မှုဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောသော်လည်း ပေါက်ကွဲမှုနှင့် ပတ်သက်ခြင်းကြောင့် ဟုတ်မဟုတ်ကို ပြောကြားရန် ငြင်းဆန်သည်။

"ယာဆူကူနီဂူဗိမာန်ရဲ့ အတွင်းပိုင်းထဲထိ ဒီလူဝင်ရောက်တာအတွက်က အကျိုးအကြောင်းညီညွတ်တဲ့ အကြောင်းပြချက် မရှိပါဘူး။"ဟု ရဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုအခြေအနေနှင့် ပတ်သက်ပြီး စောင့်ကြည့်လျက်ရှိကြောင်း တောင်ကိုရီးယားအစိုးရက ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly