အိန္ဒိယက ပိုမိုထောက်ပံ့သည့်အခါ ဘင်္ဂလားဒေ့ရှ်အဖို့ ကာကွယ်ဆေးများပိုမိုရရှိမည်

အိန္ဒိယက ပိုမိုထောက်ပံ့သည့်အခါ ဘင်္ဂလားဒေ့ရှ်အဖို့ ကာကွယ်ဆေးများပိုမိုရရှိမည်

အိန္ဒိယ၏ ထောက်ပံ့မှုတိုးတက်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်အနေဖြင့် ကာကွယ်ဆေးများပိုမိုရရှိမည်ဟု ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ကူမားဒိုရာဆွာမိက ပြောကြားသည်။

“ ဘင်္ဂလားဒေ့ရှ်ကို ကာကွယ်ဆေးတွေ တက်နိုင်သမျှမြန်မြန် ပေးပို့ဖို့ကြိုးစားသွားမှာပါ” ဟု အိန္ဒိယ၏ ကာကွယ်ဆေးထောက်ပံ့နိုင်မှုအခြေအနေကို စစ်ဆေးရန် အိန္ဒိယသို့ ရောက်ရှိနေသည့် ဒိုရာဆွာမိက ပြောကြားသည်။

ဇူလိုင်လ ၁၈ရက်က အက်ခ်ဟာရာလူဝင်မှု ကြီးကြပ်ရေးစစ်ဆေးရေးဂိတ်ကို မဖြတ်သန်းခင် ဒေသခံ သတင်းထောက်များ၏ မေးမြန်းချက်ကို သံအမတ်ကြီးက ဖြေကြားခဲ့ကြောင်း မီဒီယာသတင်းများ အရသိရသည်။

အိန္ဒိယနိုင်ငံ Serum Institute မှ ထုတ်လုပ်သော Oxford-AstraZeneca ကာကွယ်ဆေးများကို ဘင်္ဂလား ဒေ့ရှ်က ဖေဖော်ဝါရီ ၇ ရက်တွင် ပြည်သူအများအပြားအား ကာကွယ်ဆေး စတင်ထိုးပေးခဲ့သော်လည်း အိန္ဒိယကိုယ်တိုင် ကိုဗစ်အကျပ်အတည်းနှင့် ရင်ဆိုင်ရသည့်အခါ ကာကွယ်ဆေးတင်ပို့မှုကို ဆိုင်းငံ့ခဲ့သည်။

Sinopharmနှင့် Pfizer ကာကွယ်ဆေးများ လက်ခံရရှိပြီးနောက် ဘင်္ဂလားဒေ့ရှ်သည် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကိုပြန်လည်စတင်ခဲ့သည်။

အက်ခ်ဟာရာ - အဂ္ဂါတာလာ မီးရထားလမ်းဖောက်လုပ်မှုသည် ကိုဗစ် ကပ်ရောဂါကြောင့် နှောင့်နှေးနေ သော်လည်း ယခုနှစ်အကုန်တွင် ပြီးစီးမည်ဟု မျှော်လင့်ကြောင်း ကူမားဒိုရာဆွာမိက ပြောကြားခဲ့သည်။

“နှစ်နိုင်ငံကုန်သွယ်ရေးကို အရှိန်မြှင့်တင်ပေးမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့ရဲ့ လမ်းပန်းဆက်သွယ်ရေး တိုးတက်လာတာက အားလုံးအတွက် ကောင်းပါတယ် ” ဟု ကူမားဒိုရာဆွာမိက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly