သိန်းတစ်သောင်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးများ လှိုင်မြစ်ကမ်း၌ သိမ်းဆည်းရမိ

သိန်းတစ်သောင်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးများ လှိုင်မြစ်ကမ်း၌ သိမ်းဆည်းရမိ
ဖမ်းမိသည့်ဆေးပြားထုပ်များ။ (Photp – The Mirror)

ဒီဇင်ဘာ ၉ ရက် ။         ။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လှိုင်မြစ်ကမ်းစပ်မှ ကာလတန်ဖိုး ကျပ် သိန်းတစ်သောင်းတစ်ထောင်ကျော်ရှိ WY စာတန်းပါ စိတ်ကြွဆေးပြားများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းမိကြောင်း သိရသည်။

ယင်းမြို့နယ်ရှိ ငွေပင်လယ်စက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှ RINWA ကွန်ကရစ်ဖျော်စက်ရုံမန်နေဂျာက ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် လှိုင်မြစ်ကမ်းစပ်၌ မသင်္ကာဖွယ် အထုပ်တစ်ထုပ် ကိုတွေ့ရှိ ပြီးနောက် နယ်မြေခံရဲတပ်ဖွဲ့သို့ အကြောင်းကြား ရာမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား နှစ်သိန်းနှစ်သောင်းကျော် ဖြစ်နေသည်ကို တွေ့ရှိခြင်းဖြစ်သည်။

"ပိုင်ရှင်မဲ့" အဖြစ် သိမ်းဆည်းမိထားသည့် ကာလတန်ဖိုး ကျပ် သိန်း ၁၁,၂၅၈ ခန့်ရှိ ယင်းဆေးပြားများနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းမှ အမှုဖွင့်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒီဇင်ဘာ ၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။

Ref; The Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags