တရုတ်နှင့် အမေရိကန်တို့ တင်းမာမှုတွင် ကြားညပ်မည်ကို ဟောင်ကောင်ကုမ္ပဏီများ စိုးရိမ်နေ

တရုတ်နှင့် အမေရိကန်တို့ တင်းမာမှုတွင် ကြားညပ်မည်ကို ဟောင်ကောင်ကုမ္ပဏီများ စိုးရိမ်နေ

တရုတ်အစိုးရက ကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်မှုများ လုပ်ဆောင်နေသောကြာင့် အဆင်ပြေမည့် နည်းလမ်းများ ရှာဖွေနေရချိန်တွင် သမ္မတဂျိုးဘိုင်ဒင် အစိုးရက ဟောင်ကောင်ရှိ စီးပွားရေး လုပ်ငန်းများ အဆင်မပြေ နိုင်ကြောင်း သတိပေးခြင်းသည် အခက်အခဲများကို ပိုမို ဖြစ်စေသည်ဟု အမေရိကန် စီးပွားရေး လုပ်ငန်းရှင် များက ပြောကြားသည်။

တရုတ်အစိုးရက ယမန်နှစ်အတွင်း ပြဌာန်းခဲ့သည့် နိုင်ငံတော်လုံခြုံရေး ဥပဒေကို ကိုးကား၍ အမေရိကန် စီးပွားရေးအကြံပေးအဖွဲ့က ဟောင်ကောင်တွင် မီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်လိုက်သောကြောင့် စီးပွားရေး လုပ်ငန်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို စောင့်ကြည့်ခြင်း၊ သတင်းလွတ်လပ်စွာ သိရှိခွင့်တို့အပေါ် ခြိမ်းခြောက်ခြင်းတို့ ဖြစ်လာနိုင်ကြောင်း ဇူလိုင် ၁၆ ရက်တွင် သတိပေး ပြောကြားလိုက်သည်။

သို့သော် ဟောင်ကောင်မြို့တော်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များက အန္တရာယ်များကို သတိပြုထားပြီ ဖြစ်ကြောင်းနှင့် ဟောင်ကောင်တွင် လုပ်ငန်းများလုပ်ကိုင်ခြင်းမှ အကျိုးအမြတ်များ ဆက်လက်ရရှိနေမည်ကို အမေရိကန် စီးပွားရေးအကြံပေးအဖွဲ့အနေဖြင့် ၎င်းတို့ရုံးချုပ်က လက်ခံလာစေရေးအတွက် ယုံကြည်အောင် လုပ်ဆောင်ရန် မလွယ်ကူကြောင်း ပြောကြားသည်။

“စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲရှိတာတွေ ဒါမှမဟုတ် အဲဒီအခက်အခဲတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာတွေကို ပြောဖို့ ဝါရှင်တန်ဒီစီက နိုင်ငံခြားရေး ဝန်ကြီးဌာန မလိုပါဘူး” ဟု အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အကြံပေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်ကုန်သည်ကြီးများအသင်းက သတိပေး ပြောကြားပြီးနောက် ၎င်းတို့၏ အဖွဲ့ဝင် စီးပွားရေးသမားက ဟောင်ကောင်တွင် လုပ်ငန်းလုပ်ကိုင်ရန် အလေးထားကြောင်းကို ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

“ဟောင်ကောင်မှာ အမေရိကန် စီးပွားရေးသမာတစ်ဦးအနေနဲ့ အခက်အခဲနောက်တစ်မျိုးကို ထပ်မံကြုံတွေ့ရတာပါပဲ” ဟု အမေရိကန်ကုန်သည်ကြီးများအသင်း ဥက္ကဌ တာရာဂျိုးဇက်က ပြောကြားသည်။

အမေရိကန်-တရုတ် တင်းမာမှုတွင် ဟောင်ကောင်အနေဖြင့် ကြားညပ်နိုင်မည့် အခြေအနေအပေါ် အများက စိတ်ဝင်စားနေသော်လည်း ဟောင်ကောင်တွင် ထူးခြားသည့်အရည်အသွေးများ ရှိနေဆဲဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

နိုင်ငံတော် လုံခြုံရေးဥပဒေအား ယမန်နှစ်တွင် ထုတ်ပြန်ခဲ့သည့်နောက်ပိုင်း ဟောင်ကောင်ရှိ အကျဉ်းထောင်များ တွင် လူများပြည့်ကြပ်လာကာ တရုတ်အစိုးရက ၎င်းတို့အပေါ် သစ္စာမခံသူများကို ပစ်မှတ်ထားခဲ့သည်။ ဝန်ထမ်းရေးရာ၊ မီဒီယာနှင့် ပညာရေးစနစ်တို့ကိုလည်း တရုတ်ပြည်မကြီးနှင့် နီးစပ်အောင် လုပ်ဆောင်ခဲ့သည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမှ ပြန်လည်ကောင်းမွန်လာခြင်းနှင့် ပြည်မကြီးတွင် ဘဏ္ဍာရေး ဈေးကွက်ဆိုင်ရာ လွတ်လပ်မှုအတွက် ကတိကဝတ်များမှအခွင့်အလမ်းများကို ရယူရန် ထက်သန်နေသည့် ဘဏ်များနှင့် နိုင်ငံခြားကုမ္ပဏီများအပေါ် စနစ်အပြောင်းအလဲက တွန်းအား မဖြစ်စေခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly