ကချင်နှင့် မကွေးက မြို့နယ် ၁၂ ခုကို စစ်ကောင်စီက Stay at home သတ်မှတ်

ကချင်နှင့် မကွေးက မြို့နယ် ၁၂ ခုကို စစ်ကောင်စီက Stay at home သတ်မှတ်

ဇူလိုင် ၂၁

ကချင်ပြည်နယ်နှင့် မကွေးတိုင်းက မြို့နယ် ၁၂ ခုကို နေအိမ်မှာပဲနေဖို့ Stay at home မြို့နယ်တွေအဖြစ် စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂၀ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ကချင်ပြည်နယ်က သုံးမြို့နယ်နဲ့ မကွေးတိုင်းဒေသကြီးက ကိုမြို့နယ်ကို နေအိမ်မှာပဲနေဖို့ သက်မှတ်တာ ဖြစ်ပြီး ဒီကနေ့ ဇူလိုင်လ ၂၁ ရက် မနက် ၄နာရီက စတင်ကာ အကျုံးဝင်မှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကချင်ပြည်နယ်နှင့် မကွေးတိုင်းက မြို့နယ်တွေဟာ ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေ တွေ့ရှိမှုများလာပြီး ပို့တွေ့နှုန်းမြင့်တက်လာတဲ့အတွက် အဲ့ဒီမြို့နယ်တွေကို Stay at home ကြေညာတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ ဇူလိုင်လ ၂၀ ရက်အထိ ကိုဗစ်အတည်ပြု လူနာ ၁၆၇၁၇၁ ဦး ရှိပြီး သေဆုံးသူ  ၅၅၆၇ဦး ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly