ပြာပုံထဲကဖီးနစ်ငှက်များသပိတ်ကို စစ်ကောင်စီတပ်ပစ်ခတ်ဖြိုခွင်း ၂ ဦးဒဏ်ရာရကာ ၂ ဦးအဖမ်းခံရ 

ပြာပုံထဲကဖီးနစ်ငှက်များသပိတ်ကို စစ်ကောင်စီတပ်ပစ်ခတ်ဖြိုခွင်း ၂ ဦးဒဏ်ရာရကာ ၂ ဦးအဖမ်းခံရ 

မန္တလေး/ ဇူလိုင် ၂၀ ရက်၊ ၂၀၂၁ ခုနှစ်

မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်အတွင်း ယနေ့မွန်းလွဲက" ပြာပုံထဲကဖီးနစ်ငှက်များ" အမည်ဖြင့်  အာဏာရှင်ပြုတ်ကျရေးသပိတ်ဆင်နွှဲရာ စစ်ကောင်စီတပ်များရောက်လာပြီး သေနတ်ပစ်ခတ်ဖြိုခွင်းသဖြင့်နှစ်ဦးဒဏ်ရာရသွားပြီး နှစ်ဦးအဖမ်းခံရသည်။ 

သပိတ်ထွက်ချိန် ၃ နာရီဝန်းကျင်တွင် မနော်ဟရီလမ်းအနီးလမ်းကြားတစ်ခုမှ သပိတ်ထွက်လာစဉ် အရပ်ဝတ်များက ခွေးဘီလူးကားရောက်လာပြီး  သေနတ်နှင့်ပစ်ခတ်ခဲ့တာဖြစ်သည်။ သပိတ်မှာပါဝင်သော အမျိုးသားနှစ်ဦးခြေထောက်ကိုကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့ကာ အမျိုးသမီးနှစ်ဦးဖမ်းခံခဲ့ရသည်။

"သပိတ်စထွက်ချင်းပဲ ခွေးဘီလူးကားအရပ်ဝတ်တွေနဲ့ရောက်လာတာ။သေနတ်ကလည်းအကြီးကြီးပဲ တစ်ခုခုနဲ့အုပ်ပြီးသယ်လာတာ မျက်နှာခြင်းဆိုင်ကြီးအရပ်ဝတ်တွေနဲ့ဝင်ပစ်တာ"ဟု သပိတ်တွင်ပါဝင်သူတစ်ဦးကဆိုသည်။

သပိတ်ဖြိုခွဲခံရပြီး မကြာမီအဆိုပါရပ်ကွက်အတွင်းနေအိမ်များကို စစ်ကောင်စီတပ်ကအင်အားအလုံးအရင်းနှင့်ရောက်ရှိလာပြီး နေ့ခင်းမှာပင်ဧည့်စာရင်းစစ်သည်ဟုဆိုကာ ဝင်စစ်သွားခဲ့သေးသည်။

မန္တလေးမြို့တွင် စစ်ကောင်စီတပ်များသည် အရပ်ဝတ်ဖြင့်သော်လည်းကောင်း ယူနီဖောင်းဝတ်ဖြင့်တစ်ဖုံ ကင်းလှည့်မှုများလည်းရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly