သတင်းဆင်ဆာဥပဒေသစ်ဖြင့် စွဲချက်တင်ထားသောအမှုများကို ပြန်လည်ရုပ်သိမ်းရန်နှင့် ဆန္ဒပြသူများ၊ သတင်းထောက်များ အားလုံးကိုလွှတ်ပေးရန်၊ မီဒီယာလိုင်စင်များကို ပြန်လည်ခွင့်ပြုပေးပါရန် IFEX က စစ်ကောင်စီကို တောင်းဆို

သတင်းဆင်ဆာဥပဒေသစ်ဖြင့် စွဲချက်တင်ထားသောအမှုများကို ပြန်လည်ရုပ်သိမ်းရန်နှင့် ဆန္ဒပြသူများ၊ သတင်းထောက်များ အားလုံးကိုလွှတ်ပေးရန်၊ မီဒီယာလိုင်စင်များကို ပြန်လည်ခွင့်ပြုပေးပါရန် IFEX က စစ်ကောင်စီကို တောင်းဆို
Photo - AFP

ဇူလိုင် ၂၀

ဖိနှိပ်ရေးဆင်ဆာဥပဒေဖြစ်သည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့်စွဲဆိုထားသောအမှုများအားလုံးကိုပြန်လည်ရုပ် သိမ်းပြီး အဆိုပါပုဒ်မ ၅၀၅(က) နှင့်အခြားဥပဒေများဖြင့်ဖမ်းဆီးထားသော ဆန္ဒပြသူများနှင့်သတင်းထောက်များအားလုံးကို လွှတ်ပေးရန် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်သတင်းရယူခွင့် ကိုမြှင့်တင်ကာကွယ်ပေးနေသည့် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ပါဝင်သည့် ကမ္ဘာ့ကွန်ရက်အဖွဲ့ ကြီး ဖြစ်သော IFEX က စစ်ကောင်စီကိုတောင်းဆိုပါသည်။ 

IFEX အဖွဲ့ဝင်ဖြစ်သော မဇ္ဈိမ သတင်းဌာနနှင့်အခြားသတင်းဌာနများ၏ မီဒီယာလိုင်စင်များကိုပြန်လည်ပေးအပ်ရန်လည်း တောင်းဆိုပါသည်။ ဤသတင်းဌာနများသည် စစ်ကောင်စီက မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများ ကို ထုတ်ဖော်တင်ပြနေသည့် မရှိမဖြစ်အခန်းကဏ္ဍတွင် ပါဝင်ထမ်းဆောင်နေသည့်ဌာနများဖြစ်ကြပါသည်။ ထိုအကြမ်းဖက်မှုများ ကြောင့် ဖေဖော်ဝါရီလအာဏာသိမ်းပြီးကတဲက လူပေါင်း ၈၉၇ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၆၅၀၀ ကျော်ဖမ်းဆီးခံထားရကာ ယင်းတို့သည် စွဲချက်တင်ထားခြင်းခံထားရပြီးအချို့မှာပြစ်ဒဏ်ချမှတ်ခံထားရပြီးဖြစ်ပါသည်။ 

အာဏာသိမ်းပြီး မကြာမီမှာပင် စစ်ကောင်စီသည် ပုဒ်မ ၅၀၅(က) ကိုပြင်ဆင်ခဲ့ပါသည်။ အစိုးရအမှုထမ်းများကို ကြောက်ရွံ့စေရန် လုပ်ဆောင်ခြင်း၊ သတင်းမှားများဖြန့်ဖြူးခြင်း၊ ရာဇဝတ်မှုများကျူးလွန်စေရန် လှုံ့ဆော်ခြင်း တို့ကိုပြုလုပ်ခဲ့ပါက ဤပုဒ်မအရ ရာဇဝတ်ကြောင်းဖြင့်အရေးယူခြင်းခံရမည်ဖြစ်ပါသည်။ ပုဒ်မ ၅၀၅(က) သည် အာမခံမရနိုင်သော ပြစ်မှုဖြစ်ပြီး ဝရမ်းမပါဘဲ ဖမ်းဆီးခြင်းခံရနိုင်သည်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အထိအပြစ်ပေးနိုင်သည်။ စစ်တပ်အုပ်စိုးမှုကိုဆန့်ကျင်သူ များကိုအရေးယူရာတွင် ဤပုဒ်မကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြောင်း ဥပဒေကျွမ်းကျင်သူများက မီးမောင်းထိုးပြကြ သည်။ 

“ဤဥပဒေသည် ဖိနှိပ်သူစစ်ကောင်စီတပ်များက သူတို့ကိုဝေဖန်သူများအား အသံတိတ်သွားအောင်လုပ်ရာတွင် မည်သို့မည်ပုံလုပ် ဆောင်ကြောင်းပြသနေသည့် စံကျသည့်ဥပဒေဖြစ်သည်။ သတင်းထောက်များနှင့် သတင်းဌာနများ၏လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့်ယင်းတို့၏လုံခြုံရေးကို ဤဥပဒေကခြိမ်းခြောက်နေပြီး ပြည်သူ့လှုပ်ရှားခွင့်ကိုလည်း ကန့်သတ်နေပါတယ်” ဟု IFEX ၏အမှုဆောင်ညွှန်ကြားရေးမှူး အန်နီဂိမ်း (Annie Game) ကပြောကြားသည်။ “မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှု များကိုစစ်ကောင်စီက ဆက်လက်ကျူးလွန်နေချိန်မျိုးမှာ ခိုင်လုံတဲ့သတင်းသိရှိရယူနိုင်ခွင့်ဟာ ဘယ်တုန်းကမှခုလိုအရေးမပါခဲ့ဘူး။ ပုဒ်မ ၅၀၅(က) နဲ့စွဲဆိုထားတဲ့အမှုတွေအားလုံးကိုရုပ်သိမ်းရမယ်။ ဆန္ဒပြသူအားလုံးနဲ့သတင်းထောက်အားလုံးကို လွှတ်ပေးရ မယ်၊ ရုပ်သိမ်းထားတဲ့မီဒီယာလိုင်စင်တွေကိုပြန်ပေးရမယ်။ ဒါမှ မဇ္ဈိမ သတင်းဌာနနဲ့အခြားသတင်းဌာနတွေက ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ လွတ်လပ်စွာအလုပ်လုပ်ကိုင်နိုင်ကြမှာဖြစ်တယ်” ဟု သူကဆက်လက်ပြောဆိုခဲ့သည်။ 

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ရန်အတွက် စစ်ကောင်စီက လုပ်ဆောင်ရာတွင် “သတင်းထောက်များ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ခေါင်းဆောင်များ အပေါ် ရာဇဝတ်မကင်းသည့်အသရေဖျက်မှု အပါအဝင် စွဲချက်များဖြင့်” အမှုများစွဲဆိုနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ်အိပ်ချ်အင်ဒရူး (Thomas H. Andrews) က မကြာသေးမီကကျင်းပခဲ့သည့် ကုလလူ့အခွင့်အရေးကောင်စီ အစည်း အဝေးတွင်ပြောကြားခဲ့သည်။ 

ထိုအစည်းအဝေးတွင်ပင် ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မစ်ချဲလ်ဘက်ချလက် (Michelle Bachelet) က မြန်မာ နိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍  “ဘက်ပေါင်းစုံလူ့အခွင့်အရေးကပ်ဆိုက်မှုကြီးဖြစ်သည်။ ချက်ချင်း အရေးယူဆောင်ရွက် ဘို့လိုအပ်သည်” ဟု ပြောကြားခဲ့သည်။ အရပ်သားများကို အသံမထွက်နိုင်အောင်ပြုလုပ်ခြင်းများ၊ သတင်းထောက်များကိုဖမ်း ဆီးခြင်းများ၊ သတင်းဌာနများကိုပိတ်ပစ်ခြင်းများတို့ကို သူက ထောက်ပြခဲ့ပြီး “အတင်းအကြပ်ထွက်ပြေးတိမ်းရှောင်စေခြင်းများ၊ ရက်စက်စွာညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဖမ်းဆီးထားစဉ် သေဆုံးခြင်းများ၊ ဖမ်းရမည့်သူမရှိသဖြင့် ကလေးများနှင့်ဆွေမျိုး များကိုဖမ်းဆီးသွားခြင်းများ” ကို အမြောက်အမြားကြားသိခဲ့ရသည်ကိုလည်း သူကမီးမောင်းထိုးပြခဲ့သည်။ 

ထိုသို့တိုက်ခိုက်ခံရမှုများတွင် မဇ္ဈိမသတင်းဌာနသည်လည်းပစ်မှတ်တခုဖြစ်သည်။ အာဏာသိမ်းပြီးကတဲက မဇ္ဈိမ ကို တရား မဝင်ကြေငြာခဲ့ပြီး ရုံးများကိုလည်းဝင်ရောက်စီးနင်းရှာဖွေခံခဲ့ရသည်။ ထိုသို့ခြိမ်းခြောက်မှုများရှိနေသော်လည်း အာဏာသိမ်းမှု ကိုဆန့်ကျင်ကာ လုပ်ငန်းများဆက်လက်လုပ်ဆောင်ခဲ့သည်။ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက်တောင်းဆိုတိုက်ပွဲဝင်ခဲ့သည်။ ယင်းကိုတုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီကလည်း မဇ္ဈိမ ရုံးအဖွဲ့သားနှင့်သတင်းထောက် ၁၈ ဦးကို ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲ ဆိုခဲ့သည်။ ယင်းသို့စွဲဆိုခံရသူများတွင် မြိတ်မြို့အခြေစိုက် မဇ္ဈိမ အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်လည်းပါဝင်ပြီး သူ သည်ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရသည်။ 

ဤဥပဒေဖြင့်ဖမ်းဆီးခံရသူများတွင် အထူးအန္တရာယ်ရှိသူများမှာ အမျိုးသမီးအခွင့်အရေးကာကွယ်သူများနှင့်သတင်းထောက် များဖြစ်သည်။ မဇ္ဈိမ သတင်းဌာနကိုပူးတွဲတည်ထောင်ခဲ့သူတဦးဖြစ်သော မသင်းသင်းအောင်ကို မဇ္ဈိမရုံးအဖွဲ့ဝင် ဂျိမ်းပူထောင်း (ames Pu Thoure) နှင့်အတူ ဧပြီလ ၈ ရက်နေ့ကဖမ်းဆီးခဲ့သည်။ မသင်းသင်းအောင်၏နေအိမ်ကိုဝင်ရောက်ရှာဖွေခဲ့ပြီး ကွန်ပျူတာလည်းသိမ်းဆည်းခံခဲ့ရသည်။ သူ့ကိုယ်ပိုင်ငွေနှင့် သတင်းဌာနပိုင်ငွေများအားလုံးလည်း သိမ်းဆည်းခြင်းခံခဲ့ရသည်။ သူတို့နှစ်ဦးလုံးကို မင်္ဂလာဒုံရှိစစ်ကြောရေးစခန်းဖြစ်သော ရေကြည်အိုင်သို့ ခေါ်သွားပြီး နှစ်ပတ်ကြာစစ်ကြောမေးမြန်းခဲ့သည်။ ထို့နောက်သူတို့နှစ်ဦးလုံးကို ရန်ကုန်အင်းစိန်ထောင်သို့ ဧပြီလ ၂၁ ရက်နေ့တွင်ပြောင်းရွှေ့ချုပ်နှောင်ခဲ့သည်။ 

မသင်းသင်းအောင်မှာယခုအချိန်အထိ အကျဉ်းထောင်ထဲတွင်ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ပြီး ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲ ဆိုခံထားရသည်။ သူ့နောက်တချိန်ရုံးချိန်းမှာ ဂျူလိုင် ၂၈ ဖြစ်သည်။ နိုဘယ်ဆုရှင်များအပါအဝင် အဖွဲ့ပေါင်းများစွာ က သူ့ကို ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့ကြပြီး သူ့ကျန်းမာရေးနှင့် ညှဉ်းပန်းနှိပ်စက်ခံရမည့်အရေးအတွက်စိုးရိမ်ပူပန်ကြောင်းထုတ်ဖော် ပြောဆိုခဲ့ကြသည်။ 

အာရှပစိဖိတ်ဒေသတဝှမ်းရှိ IFEX အဖွဲ့ဝင်အဖွဲ့အစည်းအားလုံးက စစ်အာဏာသိမ်းခြင်းကိုပြင်းထန်စွာရှုတ်ချကြောင်း ထုတ် ဖော်ပြောဆိုခဲ့ကြပြီး အခွင့်အရေးများပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်နေမှုများကိုလည်းထောက်ခံကြောင်းပြောဆိုခဲ့ကြ သည်။ မြန်မာနိုင်ငံတွင်းဖြစ်ပွားလျက်ရှိသော နောက်ဆုံးအခြေအနေများနှင့်စပ်လျဉ်း၍ IFEX နှင့် Mizzima ဝက်ဆိုက်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြပါသည်။ 

IFEX အကြောင်း 

IFEX သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုကာကွယ်မြှင့်တင်ရန် နှင့် သတင်းအချက်အလက်သည် အခြေခံလူ့အခွင့်အ ရေးဖြစ်သည် ဟူသောအချက်ကို ဘုံရည်မှန်းချက်အဖြစ်ထားကာ ချိတ်ဆက်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ၏ကွန်ရက် ဖြစ် သည်။ IFEX အဖွဲ့ဝင်အဖွဲ့အစည်းအားလုံး၏အမည်စာရင်းကို ယင်း၏ဝက်ဆိုက်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly