ရခိုင်ပြည်နယ်အတွင်း Stay at Home ၂ ပတ်သတ်မှတ်ကြောင်း ULA/AA ကြေညာ

ရခိုင်ပြည်နယ်အတွင်း Stay at Home ၂ ပတ်သတ်မှတ်ကြောင်း ULA/AA ကြေညာ

ဇူလိုင် ၂၀

ရခိုင်ပြည်နယ်အတွင်း တောရော မြို့ပါမကျန် လျှင်မြန်စွာ ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 ရောဂါကို ဆက်လက်မပျံ့ပွားစေရေး ကြိုတင်ကာကွယ်နိုင်ဖို့ ရခိုင်ပြည်နယ်လုံးကို Stay at Home နှစ် ပတ်သတ်မှတ်ကြောင်း ULA/AA က ဇူလိုင် ၂၀ ရက်မှာ ကြေညာလိုက်ပါတယ်။

ရက္ခိုင်အမျိုးသာအဖွဲ့ချုပ် (ULA/AA) ရဲ့ထုတ်ပြန်ချက်ထဲမှာ ဇူလိုင် ၂၀ မှ ဩဂုတ် ၄ ရက်နေ့အထိ နှစ်ပတ် သတ်မှတ်ကြောင်း ရေးသားထားတာပါ။

သို့သော်လည်း နှစ်ပတ်တာကာလအတွင်း COVID-19 ကူးစက်မှုနှုန်းပေါ်မူတည်လို့ လိုအပ်သလို ထပ်မံထုတ်ပြန်သွားမယ်လို့လဲဆိုပါတယ်။

Stay at Home ကာလအတွင်း စားဝတ်နေရးခက်ခဲတဲ့ ပြည်သူလူထုအတွက် မြို့၊ ရပ်ရွာ၊ ရပ်ကွက်ခေါင်းဆောင်တွေက ဖေးမကြဖို့နဲ့ ရောဂါထိန်းချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဝိုင်းဝန်းကူညီကြဖို့ကိုလည်း ULA ကတိုက်တွန်းထားပါတယ်။

ထုတ်ပြန်ချက်ပါ စည်းမျဉ်းတွေကို ရခိုင်တစ်ပြည်နယ်လုံးလိုက်နာရမှာဖြစ်ပြီး  ရခိုင်ပြည်သူလူထုတစ်ရပ်လုံးက တိကျစွာလိုက်နာဖို့ကိုလည်း နှိုးဆော်ထားပါတယ်။ 

မလိုက်နာသူတွေကို COVID စည်းကမ်းနဲ့အညီ နည်းလမ်းတကျ ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဇူလိုင်လ ၁၉ ရက်နေ့အထိ COVID-19 ရောဂါပိုးကူးစက်ခံရသူ ၁၅၄၂ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၆၆၂ ဦးနှင့် သေဆုံးသူ ၅၄ ဦးအထိ ရှိလာနေပြီး မနေ့က တစ်ရက်တည်းမှာတင် သံဃာနှစ်ပါးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၁၃ ဦးသေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly