ဘောလခဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေကြောင်း KNDF ကထုတ်ပြန်

ဘောလခဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေကြောင်း KNDF ကထုတ်ပြန်

ဇူလိုင် ၁၉

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတပ်မတော်  KNDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ဇူလိုင် ၁၈ ရက်နေ့ ဘောလခဲမြို့နယ် နန်းဖဲရွာနားက တော်ခူကျေးရွာသစ်နဲ့ ကလိလျားရွာကြားမှာ တပ်အင်အား ၂၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီဖက်မှ တပ်မ ၆၆ နဲ့ ပူးပေါင်းအဖွဲ့တို့တိုက်ပွဲဖြစ်ခဲ့တာပါ။

တစ်ရက်တည်း တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများနိုင်ပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ KNDF ကဆိုပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီလောက်ကလည်း ကလိလျားကျေးရွာနားမှာတပ်စွဲထားတဲ့ စစ်ကောင်စီဘက်ကနေပြီး ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့သိရပါတယ်။

ဒီ့အပြင် တိုက်ပွဲဖြစ်ပွားရာ နန်းဖဲနဲ့ ကလိလျားကျေးရွာဘက်ကို လွိုင်ကော်တပ်ရင်းက စစ်ကားတွေဆင်းလာပြီး စစ်အင်အားတွေဖြည့်တင်းနေတယ်လို့လဲ KNDF ကထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly