စစ်ဘေးရှောင်များအတွက် အကူညီပေးရေး ကုလသမဂ္ဂယာဉ်တန်း မင်းတပ်မြို့သို့ ရောက်ရှိ

စစ်ဘေးရှောင်များအတွက် အကူညီပေးရေး ကုလသမဂ္ဂယာဉ်တန်း မင်းတပ်မြို့သို့ ရောက်ရှိ

မင်းတပ် -ဇူလိုင်၁၉

မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) က သယ်ဆောင်လာသော အခြေခံလူသုံးကုန်ပစ္စည်းများ ယနေ့ဇူလိုင် ၁၉ရက် နေ့က မင်းတပ်မြို့သို့ရောက်ရှိလာသည်ဟုသိရသည်။

မနက်ဖြန်မှစတင်ပြီးရက်သတ္တပတ်လုံး UNHCRသည် COVID-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ်ပစ္စည်းကိရိယာများအပါအဝင်၊ အစားအစာမဟုတ်သည့် ပစ္စည်းများအနက်မှ တာပေါ်လင်များ၊ ခြင်ထောင်များ၊ ဖျာများ၊ စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များကို ကူညီ ထောက်ပံ့ဖြန့်ဖြူးသွားမှာဖြစ်သည်။ လူဉီးရေ ၅,၀၀၀ (အိမ်ထောင်စု ပေါင်း ၁,၀၀၀)အထိ အကျိုးခံစားရမည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ  ဌာနေကိုယ်စားလှယ်၊ Mr Stephen Anderson ကပြောကြားရာတွင် "WFP အနေနဲ့ မင်းတပ်နှင့် အခြားဒေသတွေက ပြည်သူတွေအတွက် အသက်ကယ်စားနပ်ရိက္ခာအထောက်အပံ့တွေကို အမြန်ဆုံးသွားရောက်ပေးပို့ဖြန့်ဝေနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ ဤအတောအတွင်း မင်းတပ် နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေအတွက် အထောက်အပံ့တွေပေးပို့ရာမှာ UNHCR ကို သယ်ယူပို့ဆောင်ရေးကဏ္ဍကနေတစ်ဆင့် ပံ့ပိုးကူညီနေပါတယ် ''ဟု  သူကဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly