ကိုဗစ်-၁၉ မူလဇစ်မြစ် ရှာဖွေရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် WHO အကြီးအကဲက တရုတ်ကို တိုက်တွန်း

ကိုဗစ်-၁၉ မူလဇစ်မြစ် ရှာဖွေရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် WHO အကြီးအကဲက တရုတ်ကို တိုက်တွန်း

ကိုဗစ်-၁၉ ၏ မူလဇစ်မြစ်ကို ဒုတိယအဆင့်အဖြစ် ရှာဖွေစုံစမ်းရာတွင် တရုတ်နိုင်ငံအနေဖြင့် ပိုမို ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO ) အကြီးအကဲ တက်ဒရော့စ်အဒါနွမ်ဂီဘရီရက်စ်က တိုက်တွန်းလိုက်သည်။

ပိုမိုလေ့လာခွင့်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်လည်း ၎င်းက ထည့်သွင်းတောင်းဆိုလိုက်သည်။

WHO ၏ ပထမအဆင့် စုံစမ်းစစ်ဆေးမှုသည် ဖေဖော်ဝါရီလအတွင်းက ပြီးစီးခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ဒေါက်တာတက်ဒရော့စ်၏ ပြောကြားချက်ကို ဘီဘီစီ သတင်းဌာနက ဖော်ပြခဲ့ရာတွင် ကိုဗစ်ရောဂါ မဖြစ်ပွားမီနှင့် ဖြစ်ပွားခါစ ဝန်းကျင်ကာလက လူနာများ၏ အချက်အလက်များကို လိုအပ်ကြောင်းပါရှိသည်။

ပထမအဆင့် စုံစမ်းစစ်ဆေးရာတွင် တရုတ်က အဆိုပါအချက်အလက်များကို WHO သို့ မပေးခဲ့ကြောင်းလည်း ၎င်းက ပြောကြားသည်။

တရုတ်နိုင်ငံ၏ ဗိုင်းရပ်သုတေသနဆိုင်ရာ ထိပ်တန်း ဓာတ်ခွဲခန်းတစ်ခုဖြစ်သည့် ဝူဟန်ဗိုင်းရပ်ဗေဒဌာနမှ ပိုးမွှား ဖိတ်စင်ခြင်းကြောင့် ကိုဗစ်ရောဂါပိုး ပျံ့နှံ့ရသည်ဆိုသော အထောက်အထားများကိုလည်း ပိုမိုရရှိထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required