တောင်ဒဂုံတွင် သေနတ်ပစ်ခတ်သံများကြားရ  

တောင်ဒဂုံတွင် သေနတ်ပစ်ခတ်သံများကြားရ  

ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်တွင် သေနတ်ပစ်ခတ်သံများ ဆယ်ချက်ထက်မနည်း ဇူလိုင် ၁၈ရက် ညက ကြားရသောကြောင့် ဒေသခံများ စိုးရိမ်မှုဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

" ၁၀ နာရီလောက်မှာ သေနတ်သံ ငါးချက်လောက်ကြားရတယ်။ ဆက်တိုက်ပဲ အသံက တချက်ချင်းကြားရတာတောင် မဟုတ်ဘူး။ နောက်ပြီး ငါးချက် ခြောက်ချက်လောက် ထပ်ကြားရတယ်''ဟု ဒေသခံတစ်ဦးက ဆိုသည်။

မည်သည့်နေရာတွင်ဖြစ်ပွားမှန်း အတိအကျမသိရသေးသော်လည်း အဆိုပါ သေနတ်သံများကို တောင်ဒဂုံ သစ်ဆိုင်ကွေ့၊ စက်မှုဇုန်၊ (၂၁) ရပ်ကွက် (၂၄) (၅၃)ရပ်ကွက်နှင့် (၆၉) ဘက်တို့မှလည်း ကြားရသည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly