AA တပ်ဖွဲ့ဝင် ဗိုလ်မှူးကြီး ဘုန်းမြတ် ကိုဗစ် ၁၉ ကြောင့် ကွယ်လွန်

AA တပ်ဖွဲ့ဝင် ဗိုလ်မှူးကြီး ဘုန်းမြတ် ကိုဗစ် ၁၉ ကြောင့် ကွယ်လွန်

ဇူလိုင် ၁၈

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင် ဗိုလ်မှူးကြီး ဘုန်းမြတ်ဟာ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရပြီး မနေ့က ဇူလိုင်လ ၁၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း AA က ဂုဏ်ပြုမှတ်တမ်းလွှာ ထုတ်ပြန်ထားပါတယ်။

ကိုဗစ်ကြောင့် ကွယ်လွန်သွားတဲ့ ဗိုလ်မှူးကြီး ဘုန်းမြတ်ကို ဦးညွတ်ဂုဏ်ပြုကြောင်းလည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ့တွယ်တာအကောင့်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် အခုဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ တတိယလိုင်း ကာလအတွင်း မပေါ့ဆကြဖို့၊ အထူး သတိထားကြဖို့နဲ့ ကိုဗစ် ၁၉ စည်းကမ်းသတ်မှတ်ချက်တွေကို တိတိကျကျလိုက်နာကြဖို့ ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်မှာ အသိပေးတိုက်တွန်းထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly