အိမ်မဲမြို့ မြို့နယ်ဆရာဝန်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်း၃ဦး ကိုဗစ်ကူးစက်ခံရ

အိမ်မဲမြို့ မြို့နယ်ဆရာဝန်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်း၃ဦး ကိုဗစ်ကူးစက်ခံရ

ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်ဆရာဝန်ကြီးတစ်ဦး၊ လက်ထောက်ဆရာဝန်တစ်ဦးနဲ့ အထက်တန်းသူနာပြု တစ်ဦးတို့ထံမှာ ကိုဗစ်၁၉ ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဇူလိုင်လ ၁၇ရက်နေ့မှာ မြို့နယ်ကျန်းမာရေးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။

ဆရာဝန်အင်အားနည်းပါးသွားပေမဲ့ ကိုဗစ်၁၉ လူနာတွေကို ဆက်လက်လက်ခံပေးသွားမယ်လို့ ဆိုပါတယ်။

အိမ်မဲမြို့နယ်မှာ ဇူလိုင်လ ၁၆ရက်နေ့အထိ ကိုဗစ် ၁၉အတည်ပြုလူနာ ၂၀၀ဦးထိရှိလာကာ ၁ဦးသေဆုံးခဲ့ပြီး ၇၅ဦးဟာ ရောဂါသက်သာပျောက်ကင်းတာကြောင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly