မင်းတပ်စစ်ဆေးရေးဂိတ် ကိုဗစ်-၁၉ ပစ္စည်းများ သိမ်းဆည်း

မင်းတပ်စစ်ဆေးရေးဂိတ် ကိုဗစ်-၁၉ ပစ္စည်းများ သိမ်းဆည်း

ဇူလိုင် ၁၇

ချင်းပြည်နယ် မင်းတပ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကံကြီးဘက်ခြမ်းမှကားဖြင့်သယ်ဆောင်လာသည့် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်ပတ်သက်သော ပစ္စည်းများဖြစ်သည့် Mask အထုတ်ကြီး ငါးထုတ်  ၊Test Kit နှစ်ဘူး ၊ လက်အိတ်တစ်ဖာ နှင့်လေဆာဖြန်းဆေးနှစ်ဘူးကို သိမ်းဆည်းလိုက်ကြသည်။

ကာလတန်ဖိုး ကျပ်သိန်းနှစ်ဆယ်နီးပါးရှိ ပစ္စည်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသိမ်းခိုင်းခြင်းဖြစ်သည်ဟု ပြောဆိုသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ယခု အခါ မင်းတပ်မြို့နယ်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ငါးဉီးရှိနေသည်ဟုသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly