လာမယ့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ၄ ပွဲအသီးသီးအတွက် အိမ်ရှင်တွေကို ယူအီးအက်ဖ်အေ အတည်ပြုထုတ်ပြန်

လာမယ့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ၄ ပွဲအသီးသီးအတွက် အိမ်ရှင်တွေကို ယူအီးအက်ဖ်အေ အတည်ပြုထုတ်ပြန်
Photo: UEFA

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ဟာ ၂၀၂၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အိမ်ရှင်အဖြစ် လက်ခံမှာဖြစ်ပြီး တူရကီ အစ္စတန်ဘူကတော့ ၂၀၂၃ ဗိုလ်ပွဲကို လက်ခံသွားမှာဖြစ်တယ်လို့  သောကြာနေ့က အတည်ပြုထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

မူလက ၂၀၂၃ ဗိုလ်လုပွဲကို မြူးနစ်မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အခုမှာတော့ သူတို့ဟာ ၂၀၂၅ မှာ လက်ခံရမှာဖြစ်ပြီး ၂၀၂၄  ဗိုလ်လုပွဲကိုတော့ လန်ဒန်ရဲ့ ဝင်ဘာလေကွင်းမှာ ကစားသွားမှာဖြစ်ပါတယ်။

စိန့်ပီတာစဘတ်က Krestovsky ကွင်းမှာ ၂၀၂၁ ဗိုလ်လုပွဲကို ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့်လည်း ဥရောပမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၀ ဗိုလ်လုပွဲကို လစ္စဘွန်းကို ပြောင်းရွှေ့ကျင်းပခဲ့တာကြောင့် ဗိုလ်လုပွဲ အိမ်ရှင်တွေကို တစ်နှစ်အကြာမှာ ပြန်လည်ရွှေ့ဆိုင်းခဲ့ရပြီး အခုအခါမှာတော့ စိန့်ပီတာစဘတ်ဟာ ၂၀၂၂ ဗိုလ်လုပွဲကို လက်ခံကျင်းပရမှာဖြစ်ပါတယ်။

၂၀၂၁ ဗိုလ်လုပွဲကို လက်ခံကျင်းပဖို့ ဆုံးရှုံးခဲ့ရတဲ့ အစ္စတန်ဘူဟာ ပရိသတ်အရေအတွက်အကန့်အသတ်နဲ့ ပေါ်တိုကို လွှဲပြောင်းခဲ့ရပြီး အခုအခါ ၂၀၂၃ ဗိုလ်လုပွဲ အိမ်ရှင်အဖြစ် အစားထိုးခဲ့တာပါ။

ယူအီးအက်ဖ်အေဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲ ၄ ပွဲအတွက် အိမ်ရှင်တွေကို ဆက်လက် ထုတ်ပြန်ခဲ့ပြီး လာမယ့်နှစ်ရဲ့ ဗိုလ်လုပွဲကို ဆီဗီလာမှာ ကစားမှာဖြစ်ပြီး ၂၀၂၃ ဗိုလ်လုပွဲကိုတော့ ဘူဒါပတ်က လက်ခံရမှာပါ။

၂၀၂၄ နဲ့ ၂၀၂၅ ဗိုလ်လုပွဲတွေကိုတော့ ဒပ်ဘလင်နဲ့ ဘီလ်ဘာအိုတို့မှာ အသီးသီး ကျင်းပသွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly