လျှပ်စစ်ရုံးပေါက်ကွဲမှုကို ဂုဏ်ယူကြောင်း NUG ကာကွယ်ရေး၀န်ကြီးရုံးမှ MPDF သို့ဆက်သွယ်သည့် ထုတ်ပြန်ချက်မှာ အတုသာဖြစ်

လျှပ်စစ်ရုံးပေါက်ကွဲမှုကို ဂုဏ်ယူကြောင်း NUG ကာကွယ်ရေး၀န်ကြီးရုံးမှ MPDF သို့ဆက်သွယ်သည့် ထုတ်ပြန်ချက်မှာ အတုသာဖြစ်
ပုံ-အွန်လိုင်းတွင်ပြန့်နှံနေသော MPDFထုတ်ပြန်ချက်အတု

ဇူလိုင် ၁၆

ယနေ့ ဇူလိုင်လ ၁၆ ရက်နံနက်တွင် မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်လျှပ်စစ်ရုံး‌ဖောက်ခွဲရေးနှင့်ပတ်သက်၍ ရလဒ်အားဂုဏ်ယူကြောင်း NUG ကာကွယ်ရေး၀န်ကြီးရုံးမှ MPDF သို့ဖုန်းဖြင့် အကြောင်းကြားသည့်ထုတ်ပြန်ချက်မှာ အတုသာဖြစ်ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်(MPDF)မှ တာ၀န်ရှိသူတစ်ဦးက မဇ္ဈိမကိုအတည်ပြုပြောကြားသည်။ 

"အခုလိုင်းပေါ်မှာပြန့်နေတဲ့ ထုတ်ပြန်ချက်ကအတုပါ။ တမင်သက်သက် အထင်လွဲမှားအောင် စစ်ကောင်စီရဲ့ ရန်တိုက်မှု တစ်ခုသာဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။ 

ယင်းထုတ်ပြန်ချက်မှာ ယနေ့အွန်လိုင်းလှုမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့နေသည့်ထုတ်ပြန်ချက်အတုဖြစ်၍ ထုတ်ပြန်ချက်တွင် စစ်ကောင်စီထောက်ခံပြီး ရုံးတက်နေသူများနှင့်စစ်လက်နက်၀ယ်နိုင်ရေး မီတာသွားဆောင်သူများအား တိုက်ခိုက်နိုင်‌သဖြင့် ယခုရလဒ်အားဂုဏ်ယူကြောင်း NUG အစိုးရကာကွယ်ရေး၀န်ကြီးရုံးမှ MPDF သို့ဖုန်းဖြင့်အကြောင်းကြားလာသည်။ ထို့အပြင်မီတာရုံးနှင့်အစိုးရဆေးရုံများအားတိုက်ခိုက်မည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်အိုးပြတ်လတ်မှုနှင့်ပက်သတ်၍ စစ်တပ်မှပေးသည့်အောက်ဆီဂျင်အိုးများသွားယူနေသည့်သူများ မိမိအသက်မသေစေချင်ပါက သတိထားနေကြဖို့ နောက်ဆုံးအကြိမ်သတိပေးကြောင်း MPDFမှ‌ ကြေညာသယောင်ပုံစံဖြင့် အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly