တရုတ်အစိုးရကို ရှောင်ရှားပြီး ထိုင်ဝမ်နည်းပညာကုမ္ပဏီများက ကိုဗစ်ကာကွယ်ဆေး ၁၀ သန်း ဝယ်ယူ

တရုတ်အစိုးရကို ရှောင်ရှားပြီး ထိုင်ဝမ်နည်းပညာကုမ္ပဏီများက ကိုဗစ်ကာကွယ်ဆေး ၁၀ သန်း ဝယ်ယူ

တရုတ်နှင့် ထိုင်ဝမ်အကြား လပေါင်းများစွာ ရှုပ်ထွေးသော ပထဝီနိုင်ငံရေးဆိုင်ရာ အငြင်းပွားမှုများကို ရှောင်လွဲပြီး အထင်ကရ ထိုင်ဝမ်နည်းပညာကုမ္ပဏီကြီးများက ကိုဗစ်ကာကွယ်ဆေး ၁၀ သန်း ဝယ်ယူရန် သဘောတူညီချက် ရေးဆွဲခဲ့ကြသည်။

ဂျာမဏီ ကာကွယ်ဆေး ထုတ်လုပ်သည့် ကုမ္ပဏီ BioNTech မှ အမေရိကန်ဒေါ်လာ ၃၅၀ သန်း တန်ဖိုးရှိ ဝယ်ယူမှုကို ကမ္ဘာ့အကြီးဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သူ TSMC နှင့် ကမ္ဘာအကြီးဆုံးကန်ထရိုက် အီလက်ထရွန်နစ် ပစ္စည်းများထုတ်လုပ်သူ Foxconn တို့၏ ပရဟိတဖောင်ဒေးရှင်းများအကြား ခွဲတမ်းချခဲ့ကြသည်။

ဖြန့်ဖြူးရေးအတွက် ထိုင်ဝမ်၏ ဗဟိုကပ်ရောဂါထိန်းချုပ်ရေးဌာနသို့ ကာကွယ်ဆေးများကို ကုမ္ပဏီနှစ်ခုက လှူဒါန်းမည်ဖြစ်သည်။

ဇူလိုင်လ ၁၁ ရက်တွင် သဘောတူခဲ့သော နားလည်ရခက်သော ယင်းသဘောတူညီချက်က ကာကွယ်ဆေး လိုအပ်ချက်မြင့်မားနေသော ထိုင်ဝမ်အတွက် တရုတ်က ကာလကြာရှည်စွာ ထိန်းချုပ်ထားခဲ့သည့် အရောင်းအဝယ်တစ်ခုကို အဆုံးသတ်ပေးခဲ့ပြီး ထိုင်ဝမ်အစိုးရအနေဖြင့် တရုတ်အစိုးရနှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ခြင်းမပြုဘဲ တရုတ်နှင့် ဆက်နွှယ်နေသော ကာကွယ်ဆေးများ ဝယ်ယူရန်ခွင့်ရရှိခဲ့သည်။

ကမ္ဘာတစ်ဝန်းထောက်ပံ့ရေးပြဿနာများကြောင့် ထိုင်ဝမ်သည် ကာကွယ်ဆေးများ အဓိကပြတ်လပ်မှုကို ခံစားနေရသော်လည်း BioNTech မှ ကာကွယ်ဆေး ၅ သန်း မှာယူခဲ့သည့် အစောပိုင်း သဘောတူညီချက်ကို တရုတ်က ရည်ရွယ်ချက်ရှိရှိ ဖျက်သိမ်းခဲ့သည်ဟုလည်း ထိုင်ဝမ်က စွပ်စွဲခဲ့သည်။

ယင်းစွပ်စွဲချက်ကို တရုတ်အစိုးရက ငြင်းဆိုခဲ့ပြီး ထိုင်ဝမ်အပါအဝင် ဒေသတစ်ခုလုံးအတွက် ရှန်ဟိုင်းအခြေစိုက် Fosun ဆေးဝါးကုမ္ပဏီသည် တစ်ဦးတည်း ဖြန့်ဝေခွင့်ရှိသည့် ကုမ္ပဏီဖြစ်ပြီး ထိုင်ဝမ်ကိုယ်တိုင်က ယင်းကုမ္ပဏီမှ တဆင့်သာဝယ်ယူရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ထုတ် ဆေးများ သို့မဟုတ် လှူဒါန်းသော ကာကွယ်ဆေးများကို လက်ခံခြင်းသည် ထိုင်ဝမ်အာဏာရ ပါတီအတွက် နိုင်ငံရေးအရ သေသွားနိုင်ကြောင်း လေ့လာသုံးသပ်သူ ဒယူး တွန်ဆန်က ဇွန်လက ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို ယခုအချိန်အထိ မအုပ်ချုပ်ရသေးသော်လည်း တရုတ်ကွန်မြူနစ်ပါတီ (CCP) အစိုးရက ထိုင်ဝမ်သည် ယင်း၏ ပြည်နယ်တစ်ခုဖြစ်ကြောင်းနှင့် ပြန်လည်ရယူရန် ဆုံးဖြတ်ထားကြောင်း ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required