တရုတ်ငွေကြေးဆိုင်ရာမူဝါဒ မူလအနေအထားသို့ ပြန်လည်ရောက်ရှိလာနေ

တရုတ်ငွေကြေးဆိုင်ရာမူဝါဒ မူလအနေအထားသို့ ပြန်လည်ရောက်ရှိလာနေ

တရုတ်က ကူးစက်ပျံ့နှံ့မှုဖြစ်ပွားချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ငွေကြေးဆိုင်ရာမူဝါဒများအနက်မှ တစ်ခုဖြစ်သည့် ဘဏ်များအတွက် အရံငွေ လိုအပ်ချက်အချိုးကို လျော့ချလိုက်သည်။

ကြွေးမြီနှင့် လက်ကျန်တန်ဖိုးဆိုင်ရာ ဘဏ္ဍာရေးအခြေအနေမှာ စီးပွားရေးတစ်ခုလုံးတိုးတက်မှုတွင် လပေါင်းများစွာ ကျဆင်းပြီးနောက်တွင် နှစ်အလိုက်တိုးတက်မှုတွင် ၁၁ ရာခိုင်နှုန်းဖြင့် တည်ငြိမ်နေကြောင်းနှင့် ဘဏ်ချေးငွေများပြားလာနေကြောင်း ဇူလိုင်လ ၉ရက်က ထုတ်ပြန်ခဲ့သော တရုတ်၏ လစဉ်ချေးငွေဆိုင်ရာ အချက်အလက်များ က ဖော်ပြနေသည်။

တရုတ်ငွေကြေးဆိုင်ရာမူဝါဒမှာ တင်းကျပ်သည့် အခြေအနေမှ မူလအနေအထားသို့ ပြန်လည် ရောက်ရှိ လာနေသည်။

ဧပြီလက Bloomberg ၏ သတင်းဖော်ပြချက်အရ ဘဏ်များက ၂၀၂၁ ခုနှစ်၏ ကျန်လများအတွက် ချေးငွေများ ပိုမိုချေးခြင်းကို တားဆီးရန် အာဏာပိုင်များက ပြောကြားခဲ့ပြီးနောက် အထူးသဖြင့် လအနည်းငယ်အကြာတွင် မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ပြုလုပ်ရသည်ကို မေးခွန်းထုတ်စရာရှိနေသည်။

တရုတ်ပြည်သူ့ဘဏ်က အခိုင်အမာပြောသကဲ့သို့ အခွန်ရာသီနီးကပ်လာခြင်းကြောင့် ရာသီအလိုက် ငွေဖြစ်လွယ်မှု လိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း တုန့်ပြန်ခြင်းဖြစ်နိုင်သည်။

အရံငွေအချိုးအစားလျှော့ချခြင်းကြောင့် ယွမ် ၁ ထရီလီယံ (ဒေါ်လာ ၁၅၄ ဘီလီယံ) ခန့်ကို ငွေထုတ်ချေးနိုင်လိမ့်မည်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းအနေဖြင့် ဗဟိုဘဏ်သို့ ပေးချိန်တန်သည့် ချေးငွေများကိုပြန်လည် ပေးဆပ်ရန်လည်း အသုံးပြုလိမ့်မည်ဖြစ်သည်။

အထူးစိုးရိမ်စရာအချက်မှာ မကြာသေးမီက ထုတ်ပြန်လိုက်သော စားသုံးမှုနှင့် ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များဖြစ်ပြီး စက်မှုလုပ်ငန်း လျင်မြန်စွာ ပြန်ကောင်းလာနေသော်လည်း မနှစ်ကအထိ အားနည်းနေဆဲဖြစ်သည်။

ဝန်ထမ်းစံနှုန်းဆိုင်ရာ တရုတ်၏ တရားဝင်ဝန်ဆောင်မှုများနှင့် ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူမှု မန်နေဂျာ အညွှန်းကိန်းများသည် ဇွန်လတွင် သိသိသာသာ ကျဆင်းသွားပြီး မေလတွင် အလုပ်လက်မဲ့နှုန်းအား ၃၁ မြို့ လေ့လာမှုစစ်တမ်းတွင် လျော့နည်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required