လုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူထားသည့် စာရင်းမှ ပယ်ဖျက်ပေးရန် တာလီဘန်တို့က ရုရှားထံမှ အကူအညီ တောင်းဆို

By The Frontier Post
16 July 2021
လုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူထားသည့် စာရင်းမှ ပယ်ဖျက်ပေးရန် တာလီဘန်တို့က ရုရှားထံမှ အကူအညီ တောင်းဆို

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပိတ်ဆို့ခံထားရသည့် စာရင်းမှ ပယ်ဖျက်ပေးရန် တာလီဘန်တို့က ရုရှားအစိုးရနှင့် ဆွေးနွေးနေကြောင်းအဆိုပါ အဖွဲ့၏ ဒိုဟာမြို့ရှိ နိုင်ငံရေးဆိုင်ရာရုံးမှ ပြောခွင့်ရအရာရှိ ဆူဟီးရှာဟင်က မြို့တော် မော်စကိုသို့ သွားသည့် ခရီးစဉ်အပြီးတွင် ပြောကြားသည်။

တာလီဘန်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၈ ရက်နှင့် ၉ ရက်တို့တွင် ရုရှားနိုင်ငံသို့ သွားရောက်ကာ ရုရှားသမ္မတ၏ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ရှရှားနိုင်ငံခြားရေးဝန်ကြီးဌာ၏ အာရှရေးရာ ဒုတိယဌာ၏ ညွှန်ကြားရေးမှူး ဇမာကာဘူလော့ဗ်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

“တာလီဘန်အဖွဲ့ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့ အရေးယူထားတဲ့ စာရင်းကနေ ဖယ်ရှားပေးဖို့ ရုရှားအာဏာပိုင်တွေကို သွားရောက် တောင်းဆိုခဲ့ပါတယ်” ဟု ရှာဟင်က‌ ပြောသည်။

တာလီဘန်တို့ကို အမည်ပျက်စာရင်းမှ ဖယ်ရှားရန် အမေရိကန်အစိုးရနှင့် ၂၀၂၀ ပြည့်နှစ်အတွင်းက သဘောတူညီချက်ရရှိထားသည်ဟု တာလီဘန်တို့က ပြောကြားထားပြီး အမေရိကန်အစိုးကလည်း အဆိုပါ သဘောတူညီချက်အတိုင်း လုပ်ဆောင်နေသည်ဟု ဆိုသည်။

တာလီဘန်တို့ကို ပိတ်ဆို့အရေးယူမှုချမှတ်ထားသည့်စာရင်းမှ ဖယ်ရှားပေးရန် အခြေအနေမရှိကြောင်း ဇမာက RIA Novosti သတင်းဌာနသို့ ပြောကြားသည်။

အာဖဂန်နိုင်ငံတွင် သက်ဆိုင်သည့်အဖွဲ့အစည်းများအကြား ရှင်းလင်းတိကျပြီ အဓိပ္ပါယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မှသာ ပိတ်ဆို့ အရေးယူမှု ရုတ်သိမ်းရေးကိစ္စကို ဆွေးနွေးသွားမည်ဟုလည်း ၎င်းက ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required