တိုကျိုအိုလံပစ်ရဲ့ အတွေ့အကြုံတွေကို ယူမယ့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ တရုတ် ဆောင်းရာသီအိုလံပစ်

တိုကျိုအိုလံပစ်ရဲ့ အတွေ့အကြုံတွေကို ယူမယ့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ တရုတ် ဆောင်းရာသီအိုလံပစ်
Photos: EPA

၂၀၂၁ တိုကျို နွေရာသီအိုလံပစ်ပြိုင်ပွဲရဲ့ အတွေ့အကြုံဟာ လာမယ့် ၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်အတွက် ကပ်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစည်းမျဉ်းတွေ ချမှတ်ရာမှာ အကျိုးသက်ရောက်ဖွယ်ရှိတယ်လို့ တာဝန်ရှိသူတစ်ဦးက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် Zhangjiakou မြို့မှာ မီဒီယာအဖွဲ့အလည်ပတ်အတွင်း ကြာသပတေးနေ့က ပြောပါတယ်။

အဆိုပါ တာဝန်ရှိသူက ပရိသတ်ဝင်ဆံ့မှု အစီအစဉ်အသေးစိတ်ကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီဆီ တင်ပြပြီးဖြစ်ပြီး ပရိသတ် ၁၀,၀၀၀ ဝင်ဆံ့မယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဝင်ဆံ့မှု အတိအကျကို ကပ်ရောဂါအခြေအနေအရ ပေါ်လစီပေါ်မူတည်လိမ့်မယ်လို့ သူက ဆိုပါတယ်။

"တိုကျိုအိုလံပစ်ရဲ့ သူတို့ အတွေ့အကြုံပေါ် အခြေခံပြီး အထူးသဖြင့် တိကျရှင်းလင်းတဲ့ ကပ်ရောဂါ ကာကွယ်တားဆီးရေးနဲ့ ထိန်းချုပ်ရေးစည်းမျဉ်းတွေ ထုတ်ပြန်ပေးဖို့ တိုကျိုအိုလံပစ်၊ အိုင်အိုစီနဲ့ ပေကျင်းအိုလံပစ်ကော်မတီတို့ကို ကျနော်တို့တတွေ စောင့်နေဆဲပါ။"လို့ ပေကျင်းဆောင်းရာသီ အိုလံပစ်ကော်မတီ စီမံကိန်းနဲ့ ဆောင်လုပ်ရေးဌာန တာဝန်ရှိ Chen Rongqin က ပြောပါတယ်။

"ကျနော်တို့ရဲ့ အမျိုးမျိုးသော အဆောင်အအုံတွေ ဆောင်လုပ်ရေး ပြီးလုနီးပါးပါ။ ကပ်ရောဂါရဲ့ အခြေအနေတွေအရ သီးခြား အဆောက်အုံတွေကိုလည်း ကျနော်တို့ အပြီးသတ် လုပ်ဆောင်နေတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အိုလံပစ်ပွဲတော်ကို အောင်မြင်စွာ ကျင်းနိုင်မယ်ဆိုတာ ကျနော် ကိုယ်တိုင် တကယ်ယုံကြည်တယ်ဗျ။"

တရုတ်နိုင်ငံဟာ ဟောင်ကောင်၊ တိဘက်နဲ့ ရှင်ကျန်းပြည်နယ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ စွပ်စွဲဝေဖန်ခံနေရပြီး တခြားနိုင်ငံတွေက အိုလံပစ်ပွဲတော်ကျင်းပတာကို သပိတ်မှောက်ဆန့်ကျင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ပေကျင်း ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ကို ၂၀၂၂ ဖေဖော်ဝါရီ ၄ ရက်မှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required