ဇူလိုင် ၁၆
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်မီတာရုံးတွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း မျက်မြင်သက်သေများက ပြောသည်။
မြို့နယ်လျှပ်စစ် ဒုတာဝန်ခံအမျိုးသားတစ်ဦးနှင့် လျှပ်စစ်မီတာလာဆောင်သည့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားပြီ ဒဏ်ရာရရှိသူ ခုနှစ်ဦးအထိရှိကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်ရုံးဟာ ဘုံပျံတောရကြောင်းအနီးတည်ရှိပြီး ဗုံးပေါက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာပြီး လမ်းပိတ်ကာ စစ်ဆေးမှုများပြုလုပ်နေသည်။