သင်္ကန်းကျွန်းနေအိမ်အခန်းများကို စစ်ကောင်စီမှ  ၂ နာရီကြာ ရှာဖွေမှုပြုလုပ်

သင်္ကန်းကျွန်းနေအိမ်အခန်းများကို စစ်ကောင်စီမှ  ၂ နာရီကြာ ရှာဖွေမှုပြုလုပ်

ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်တွင် နေအိမ်အခန်းများကို စစ်ကောင်စီ လက်အောက်ခံ အကြမ်းဖက် စစ်သားများက ဇူလိုင် ၁၅ရက် ည ၇ နာရီခွဲမှ ည ၉ နာရီခွဲအထိ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများအပြောအရသိရသည်။

လက်လုပ်ဗုံးတွေ့သည်ဟု အကြောင်းပြကာ သမာဓိ (၂) လမ်းမှ တိုက်တစ်တိုက်လုံးရှိ လူများကို အပြင်သို့ ထွက်ခိုင်းခဲ့ပြီး ဝင်ရောက်ရှာဖွေခဲ့ကြကြောင်း သိရသည်။

" ဒလန်က လက်လုပ်ဗုံးတွေ့တယ်တယ်လို့ သတင်းပေးလို့ ရောက်လာတာလို့ ပြောတယ်။ တိုက်တစ်တိုက်လုံးက လူတွေအကုန်အောက်ဆင်းခိုင်းပြီး ရှာနေတာပဲ''ဟု ဒေသခံတစ်ဦးက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly