တရုတ်ကုမ္ပဏီအများစု လေထုညစ်ညမ်းမှုအတွက် တာ၀န်ရှိဟု အစီရင်ခံစာတစ်ရပ်က ဖော်ပြ

By The Hongkong Post
15 July 2021
တရုတ်ကုမ္ပဏီအများစု လေထုညစ်ညမ်းမှုအတွက် တာ၀န်ရှိဟု အစီရင်ခံစာတစ်ရပ်က ဖော်ပြ

တရုတ်နိုင်ငံအတွင်း ကုမ္ပဏီများကို သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ စစ်ဆေးမှုလုပ်ဆောင်ခဲ့ရာတွင် စစ်ဆေးခဲ့သည့် ကုမ္ပဏီများအနက် ထက်၀က် (ကုမ္ပဏီနှစ်ခုလျင် တစ်ခုနှုန်း) ခန့်သည် အတော်အတန် များပြားသော လေထုညစ်ညမ်းမှု ကိစ္စရပ်များ ရှိနေသည်ကို တွေ့ရှိထားကြောင်း သဘာ၀ပတ်၀န်းကျင၀န်ကြီးဌာနက ယင်း၏ အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။ အဆိုပါ ၀န်ကြီးဌာနသည် မကြာသေးခင်က စစ်ဆေးမှုတစ်ရပ်ကို လုပ်ဆောင်ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

စည်းမျဥ်းထိန်းသိမ်း‌ရေးတာ၀န်ရှိသူများ စစ်ဆေးခဲ့သည့် တရုတ်ကုမ္ပဏီ နှစ်ခုစီတိုင်းအနက် တစ်ခုနှုန်းသည် များပြားသည့် လေထုညစ်ညမ်းမှု ပြဿနာကိစ္စများ ရှိနေသည်ကို တွေ့ရှိခဲ့ပြီး အကြီးဆုံးသော လက်သည်တရားခံများထဲတွင် အဆောက်အအုံဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ၊ ဓာတုနှင့် ဆေး၀ါးထုတ်လုပ်မှု ကဏ္ဍများထဲရှိ လုပ်ငန်းကုမ္ပဏီများ ပါ၀င်နေခဲ့ကြောင်း ဂေဟဗေဒနှင့် သဘာ၀ပတ်၀န်းကျင်၀န်ကြီးဌာနကို ကိုးကားပြီး တရုတ်မီဒီယာတစ်ခုဖြစ်သည့် Caixin က ဖော်ပြသည်။

“မေလမှာ မြို့ပေါင်း ၃၀ မှာ စစ်ဆေးမှုတွေ လုပ်ခဲ့တဲ့ ကုမ္ပဏီ ၁,၅၈၂ ခုအနက် ၈၈၂ ခုဟာ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ လေထုညစ်ညမ်းမှုနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်စုစုပေါင်း ၁,၉၄၀ အထိ ရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်” ဟု ၀န်ကြီးဌာနက ယခုအပတ် အစောပိုင်း ယင်း၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

လေထုညစ်ညမ်းမှုများကြောင့် ပြည်သူများအနေဖြင့် ပြင်းထန် ရောဂါများ ခံစားရနိုင်သည်။

ဟားဗက်တက္ကသိုလ်မှ ဂျက်ဆီ တူရီယယ်နှင့် ဘော်စတွန်တက္ကသိုလ်မှ ရောဘတ် ကော့ဖ်မန်း တို့သည် ၂၀၁၅ ဇန်န၀ါရီနှင့် ၂၀၁၇ ဇွန်လအတွင်း တရုတ်နှင့် အမေရိကန် စတေရှင်များ မှတ်တမ်းယူထားခဲ့သည့် အဆုတ်ကင်ဆာ၊ ပန်းနာ၊ နှလုံးရောဂါတို့နှင့် ဆက်နွယ်နေသည့် လေထုထဲရှိ အမှုန်အမွှား PM2.5 အတိုင်းအတာကို စစ်ဆေးခွဲခြမ်းခဲ့သည်။

လေထုညစ်ညမ်းမှု မြင့်မားသည့် ကာလများအတွင်း ဖြစ်ပွားနိုင်ခဲ့ခြေ ရှိသည့် ဒေတာအစု နှစ်ခုအကြား ယာယီ ခြားနားချက်များကို ၎င်းတို့က ရှာတွေ့ခဲ့ရာ “အစိုးရ ထိန်းချုပ်သော စတေရှင်များသည် ပြည်တွင်း၌ လေထုအရည်အသွေး မကောင်းသည့်အချိန်တွင် ညစ်ညမ်းမှု လယ်ဗယ်များကို စနစ်တကျဖြင့် အပြည့်အ၀ အစီရင်ခံထားခြင်း မရှိကြောင်းကို ပြသနေသည်။

တရုတ်သည် ကမ္ဘာ့အကြီးဆုံး ကာဗွန် ထုတ်လုပ်သူဖြစ်ပြီး ယင်းနောက်တွင် အမေရိကန်က နီးကပ်စွာ ကပ်လိုက်နေကြောင်း Fox News ၏ ဖော်ပြချက်အရ သိရသည်။

“ပြည်တွင်း ဗျူရိုကရက်တွေဟာ သူတို့ရဲ့ အထက်လူကြီးတွေကို “မှန်ကန်တဲ့” ကိန်းဂဏန်းတွေ အစီရင်ခံတင်ပြဖို့ ကြီးမားတဲ့ ဖိအားနဲ့ ရင်ဆိုင်ရပါတယ်၊ တစ်ချို့ဟာ အခြား အရပ်ဘက် တာ၀န်ရှိသူတွေနဲ့ လိမ်လည် ပေါင်းကြံတာ ဒါမှမဟုတ် ဒေတာအချက်အလက်တွေကို မမှန်မကန် အစီရင်ခံတာတို့ကို မလွဲမရှောင်သာ လုပ်ကြပါတယ်၊ လိမ်လည်ဖို့ ဒီလို အဖွဲ့အစည်းဆိုင်ရာ အားပေးမှုတွေကြောင့် တရုတ်ရဲ့ တရား၀င် လေထုညစ်ညမ်းမှု ဒေတာအချက်အလက်တွေနဲ့ပတ်သက်လို့ မကြာခဏဆိုသလို ပြင်ပ လေ့လာစောင့်ကြည့်သူတွေနဲ့ အများပြည်သူအမြင်တွေမှာ မြင့်မားတဲ့ သံသယဖြစ်မှု အတိုင်းအတာတစ်ခုနဲ့ ကြုံရပါတယ်” ဟု သုတေသီများက ရေးသားသည်။

“အစိုးရရဲ့ ၂၀၁၂ အလွန် မူ၀ါဒ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပိုင်းမှာတောင်မှ နိုင်ငံရဲ့ အကြီးဆုံး မြို့ကြီး အများအပြားမှာ PM2.5 ပါ၀င်မှု တိုင်းတာချက်တွေကို တရုတ်ပြည်တွင်းအရာရှိတစ်ချို့ဟာ ဆက်ပြီး မမှန်မကန် ဖော်ပြထားခဲ့တယ်ဆိုတာကို ကျွန်တော်တို့ရဲ့ ဒေတာတွေက အခိုင်အမာ ညွှန်ပြနေပါတယ်၊ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေနဲ့ ကိုက်ညီစွာနဲ့ပဲ ၂၀၁၈ အစောပိုင်းမှာ MEE ကလည်း ယင်းဟာ ပြီးခဲ့တဲ့ နှစ်အတွင်း မြို့ကြီးခုနစ်မြို့မှာ တာဝန်ရှိသူတွေ ဒေတာအချက်အလက်တွေကို ခြယ်လှယ်ကစားထားတာကို တွေ့ရှိထားတယ်လို့ ကြေညာထားခဲ့ပါတယ်" ဟု သုတေသီများက ပြောသည်။

တရုတ်သည် ယခုအခါ ကမ္ဘာ၏ ကျောက်မီးသွေး လျှပ်စစ် ထုတ်လုပ်မှု၏ ထက်ဝက်ကျော် (၅၃ ရာခိုင်နှုန်း) အတွက် တာဝန်ရှိနေပြီး ယင်းသည် ၂၀၁၅ ခုနှစ်က ၄၄ ရာခိုင်နှုန်းထက် တက်လာခြင်းဖြစ်ကြောင်း လန်ဒန်အခြေစိုက် စွမ်းအင်နှင့် ရာသီဥတု သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Ember မှ သုတေသနအစီရင်ခံစာတစ်ရပ်အရ သိရသည်။

ပြီးခဲ့သည့် နှစ်များအတွင်း တရုတ်သည် ရာသီဥတု ပြောင်းလဲမှုနှင့် သဘာ၀ပတ်၀န်းကျင် အခမ်းအနားများတွင် ယင်း၏ သန့်ရှင်းသော သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ မိန့်ခွန်းပြောဆိုမှုများအတွက် အားပေးမှုများကို

ရှိထားခဲ့သည်။ သို့သော် မြေမြင် လက်တွေ့အခြေအနေများက မတူညီသည့် ဇာတ်လမ်းတစ်ခုကို ဖော်ပြနေပြီး တရုတ်သည် ကမ္ဘာတွင် အကြီးဆုံး ကျောက်မီးသွေးထုတ်လုပ်သူအဖြစ် ဆက်ရှိနေဆဲဖြစ်သည်။

မတ်လ၏ နောက်ဆုံးအပတ်အတွင်း အဓိက တရုတ် ၀န်ဆောင်လုပ်ငန်း ငါးခုရှိ ပင်လယ်ကမ်းခြေဓာတ်အားပေးစက်ရုံများ၏ ကျောက်မီးသွေး အသုံးပြုမှုသည် တန်ချိန် ၄,၈၈,၈၀၀ အထိ ရောက်ခဲ့ပြီး ယင်းသည် ယမန်နှစ် ဖေဖေါ်၀ါရီ ၁၀ တွင် မြင်တွေ့ထားခဲ့ရသည့် စံချိန်တင် လျော့နည်းမှုကနေ နှစ်ဆကျော် ပိုများလာခဲ့ခြင်း ဖြစ်ကြောင်း တရုတ် ကျောက်မီးသွေး သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေး အဖွဲ့ (CCTDA) ဒေတာများကို ကိုးကားလျက် Asia Times က ဖော်ပြသည်။

သန့်ရှင်းသော ပတ်၀န်းကျင်တစ်ခု ရရှိရန် လမ်းကြောင်းနှင့်ပတ်သက်ပြီး ယုံတမ်းစကား မိန့်ခွန်းများ လုပ်ထားခဲ့သော်လည်း တရုတ်အစိုးရသည် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများတွင် သိုမှီးပစ္စည်းများ သေချာစွာ ရှိစေရန် သို့မဟုတ် ၁၅ ရက်ကြာ ပုံမှန် ဖြည့်သွင်းမှု၏ အထက် ဖြစ်နေစေရန်အတွက် ၂၀၂၀ တွင် ကျောက်မီးသွေး သိုလှောင်မှု စက်ရုံများ ထပ်ဖြည့်ရန် စီစဉ်ထားခဲ့သည်ဟု သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required