ဘင်္ဂလားဒေ့ရှ်တွင် တရုတ်က တရားမဝင်စက်ရုံများ လုပ်ကိုင်နေခြင်းကြောင့် အန္တရယ်များ ဖြစ်ပေါ်လာ

By economictimes.indiatimes.com
15 July 2021
ဘင်္ဂလားဒေ့ရှ်တွင် တရုတ်က တရားမဝင်စက်ရုံများ လုပ်ကိုင်နေခြင်းကြောင့် အန္တရယ်များ ဖြစ်ပေါ်လာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အနီးရှိ စက်ရုံတစ်ရုံတွင် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူ ၅၂ ဦးအနည်းဆုံး သေဆုံးခဲ့ရသည့် ဇူလိုင်လ ၉ရက်က မီးလောင်ကျွမ်းမှုအဖြစ်အပျက်သည် တရုတ်နိုင်ငံသားများ တရားမဝင်စက်ရုံများ လာရောက် လုပ်ကိုင်နေခြင်းကို သိသာထင်ရှားလာစေသည်။

တရုတ်စီးပွားရေးသမားများက ဘင်္ဂလားဒေ့ရှ်တွင် လွန်ခဲ့သည့် ၇ နှစ်တာကာလအတွင်း ဘက်ထရီစက်ရုံများ တရားမဝင် တည်ထောင်ခဲ့ကြသည်။

ထိုကဲ့သို့သော တရားမဝင်စက်ရုံများလုပ်ကိုင်ရန် တရားဝင် စာရွက်စာတမ်းများမရှိသော်လည်း အစိုးရက အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း Economic Times သတင်းစာက လေ့လာတွေ့ရှိခဲ့သည်။

ယခင်က အထည်အလိပ်လုပ်ငန်းလုပ်ကိုင်ခဲ့သည့် NarayanganjMoukuli Bazar စက်ရုံသည် လွန်ခဲ့သော ၄ နှစ်ကစတင်ပြီး ဘက်ထရီများကို တရားမဝင် ထုတ်လုပ်နေခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

စက်ရုံအပြင်ဘက်တွင် ဆိုင်းဘုတ်မရှိကြောင့် ထုတ်လုပ်သည့် ဘက်ထရီနာမည်ကို မသိရပေ။ အနီးနားတွင် နေထိုင်သူများကမူ ယင်းစက်ရုံကို တရုတ်စီးပွားရေးသမားတစ်ဦးက ပိုင်ဆိုင်ကြောင်း သိရှိကြသည်။

ဒေသခံအချို့သည် စက်ရုံတွင် တရုတ်နိုင်ငံသားများနှင့် အတူတကွပူးပေါင်းလုပ်ကိုင်နေကြပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုအကြီးအကျယ်ဖြစ်နေကြောင်း ဒေသခံရုပ်သံလိုင်းဖြစ်သော Ekkator TV က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသားများအနေဖြင့် ဘင်္ဂလားဒေ့ရှ်တွင် မြေဝယ်ယူနိုင်ခွင့်မရှိသောကြောင့် သြဇာရှိသော ပုဂ္ဂိုလ်များက တရုတ်နိုင်ငံသားများအား စက်ရုံတည်ထောင်ရန်ကူညီပေးနေကြသည်။

တရုတ်အလုပ်သမားများအတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့် မရှိသဖြင့် စက်ရုံအားလုံးကို တရားမဝင် လုပ်ကိုင်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required