ပါကစ္စတန်တွင် အကြမ်းဖက်မှု များပြားလာနေကြောင်း အစီရင်ခံစာများဖော်ပြ

By India Blooms News Service
15 July 2021
ပါကစ္စတန်တွင် အကြမ်းဖက်မှု များပြားလာနေကြောင်း အစီရင်ခံစာများဖော်ပြ

ပါကစ္စတန်နိုင်ငံတွင် ၂၀၂၁ ခုနှစ် ဧပြီလမှ ဇွန်လအထိ ၃ လတာအတွင်း အကြမ်းဖက်မှုပုံစံအမျိုးမျိုးကြောင့် လူပေါင်း ၂၀၃ ဦး သေဆုံးခဲ့ပြီး ၉၆၆ ဦး ဒဏ်ရာရရှိခဲ့ရာ အကြမ်းဖက်မှုများ များပြားလာသည်ကို တွေ့မြင်နေရသည်။

အဆိုပါကာလအတွင်း အကြမ်းဖက်မှုများကို အရပ်သားများက ခံစားခဲ့ရပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ သေဆုံးနှုန်းမှာလည်း စိုးရိမ်ဖွယ်ရာ မြင့်တက်ခဲ့သည်။

ပါကစ္စတန်အခြေစိုက် သုတေသနနှင့် လုံခြုံရေးလေ့လာရေးဌာန(CRSS) ၏ ၂၀၂၁ ခုနှစ် ဒုတိယ ၃ လပတ် လုံခြုံရေးအစီရင်ခံစာတွင် ယင်းကိစ္စရပ်ကို ဖော်ပြခဲ့သည်။

အကြမ်းဖက်မှုကြောင့် သေဆုံးမှု အမြင့်ဆုံးဒေသမှာ ဘလူချီစတန်ပြည်နယ်တွင် ၇၄ ဦး၊ ဖာတာတွင် ၃၉ ဦး၊ ဆင်းတွင် ၃၉ ဦး၊ ခိုင်ဘာပတ်ရှ်ဝါတွင် ၃၅ ဦး၊ ပန်ဂျပ်တွင် ၈ ဦး၊ ဧပြီလတွင် Tehreek-e-Labbaik Pakistan ပါတီမှ ဆန္ဒပြသူများ ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုကြောင့် နေရာအတိအကျ မဖော်ပြနိုင်သော နေရာတွင် နောက်ထပ် ၄ ဦး သေဆုံးခဲ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ခိုင်ဘာပတ်ရှ်ဝါနှင့် ဖာတာတွင် သေဆုံးနှုန်းသည် ဘလူချီစတန်ပြည်နယ်တွင် ၇၄ ဦး သေဆုံးမှုနှင့် ညီမျှသည်။

ပန်ဂျပ်နှင့် ယခင်ဖာတာများတွင် အကြမ်းဖက်မှုနှုန်း သိသိသာသာ ကျဆင်းသွားပြီး ၆၄ ရာခိုင်နှုန်း နှင့် ၄၃ ရာခိုင်နှုန်း အသီးသီး ကျဆင်း သွားခဲ့သည်။ ဘလူချီစတန်နှင့် ဆင်းပြည်နယ်တို့တွင် အကြမ်းဖက်မှု ၅၀ ရာခိုင်နှုန်း တိုးလာကြောင်း တွေ့ရသည်ဟု သတင်းစာက ဖော်ပြခဲ့သည်။

ဖာတာမှ လွဲ၍ ခိုင်ဘာပတ်ရှ်ဝါတွင် ယခုသုံးလပတ်တွင် ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် လူ ၄ ဦးသေဆုံးပြီး လူ ၈၀ဝ ဒဏ်ရရှိခဲ့သည့် ဘာသာရေးကို စော်ကားသည့် ပြဿနာအပေါ် Tehreek-e-Labbaik Pakistan ပါတီ၏ နိုင်ငံတစ်ဝန်းအကြမ်းဖက်ဆန္ဒပြမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် မကြုံစဖူးမြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း The News Internationalက ဖော်ပြခဲ့သည်။

ပစ်မှတ်ထားသတ်ဖြတ်မှုအတွက် သေနတ်များအသုံးပြုခြင်းသည် အကြမ်းဖက်မှုတွင် အသုံးအများဆုံး လက်နက်ပုံစံဖြစ်ပြီး နိုင်ငံ၏ ဒေသအားလုံးတွင် ယင်းကဲ့သို့ တိုက်ခိုက်မှု၏ သက်ရောက်မှုကို ကြုံတွေ့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly