ရန်ကုန်မြို့က “၂၁ရာစုရဲ့ ပန်ထွာဘုရင်မများ သပိတ်စစ်ကြောင်း”

ရန်ကုန်မြို့က “၂၁ရာစုရဲ့ ပန်ထွာဘုရင်မများ သပိတ်စစ်ကြောင်း”

စစ်အာဏာရှင် ပြုတ်ကျရေးအတွက် “၂၁ ရာစုရဲ့ ပန်ထွာဘုရင်မများ သပိတ်စစ်ကြောင်း”ကို အမျိုးသမီးတွေ ဦးဆောင်ပြီး ရန်ကုန်မြို့လည်ခေါင်မှာ ဒီကနေ့ဇူလိုင်လ ၁၄ ရက်နေ့ မနက် ၁၀နာရီဝန်းကျင်အချိန်က အမျိုးသမီးအင်အား ၁၅၀ ခန့်နဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
“အမျိုးသမီးတွေ အသက်အရွယ်မရွေး ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ '' တို့အမျိုးသမီးတွေညီရဲ့လားဟေ့၊ ကိုဗစ်ကိုတောင် မကြောက်တာ၊အာဏာရူးကို ဘာလို့ကြောက်ရမှာလဲ''ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ချီတတ်ဆန္ဒပြခဲ့ကြပါတယ်” လို့ ဆန္ဒပြပွဲမှာ  ပါဝင်သူ တစ်ဦးက ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly