ပါရီသို့ ဦးတည်သည့် ခရီးသည်တင်လေယာဉ် ခြိမ်းခြောက်မှုတစ်ရပ်ကြောင့် ကနေဒါသို့ လမ်းကြောင်းပြောင်း ဆင်းသက်

ပါရီသို့ ဦးတည်သည့် ခရီးသည်တင်လေယာဉ် ခြိမ်းခြောက်မှုတစ်ရပ်ကြောင့် ကနေဒါသို့ လမ်းကြောင်းပြောင်း ဆင်းသက်

ပါရီ၊ ဒီဇင်ဘာ ၈ ။            ။ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှ ပြင်သစ်နိုင်ငံ ပါရီသို့ ဦးတည်သည့် Air France ခရီးသည်တင်လေယာဉ်သည် သေချာဂဃနဏ မသိရသေးသော ခြိမ်းခြောက်မှုတစ်ရပ် ကြုံတွေ့သည်ဆိုကာ ကနေဒါနိုင်ငံ မွန်တာရီယယ်သို့ လမ်းကြောင်းပြောင်း ဆင်းသက်လိုက်ရကြောင်း လေကြောင်းလိုင်းက တွစ်တာတွင် ဒီဇင်ဘာ ၈ ရက်၌ ရေးသားဖော်ပြသည်။

"လေယာဉ်က ပုံမှန်ပဲ ဆင်းသက်နိုင်ပါတယ်။ ဒေသအာဏာပိုင်တွေက ရှာဖွေစစ်ဆေးမှုတွေ လုပ်မှာဖြစ်ပါတယ်။"ဟု အဆိုပါ တွစ်တာတွင် ရေးသားထားသည်။

ပါရီမြို့တွင် လူပေါင်း ၁၃၀ သေဆုံးခဲ့သည့် တိုက်ခိုက်မှုများကို အိုင်အက်စ်တို့က ၎င်းတို့ လုပ်ဆောင်ကြောင်း ကြေညာလိုက်ပြီးချိန်မှစကာ ကမ္ဘာတစ်ဝန်း လုံခြုံရေး တာဝန်ရှိသူများက တပ်လှန့်သတိအနေအထားတွင် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly