အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယားရှိ ဆစ်ခ်လူမျိုးများက အိမ်နီးချင်းအစ္စလာမ်မစ်နိုင်ငံများမှ လူနည်းစုများ ၎င်းတို့နှင့် အတူလာနေပါက ကြိုဆိုသွားမည်ဟု ဆို

By India Blooms
14 July 2021
အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယားရှိ ဆစ်ခ်လူမျိုးများက အိမ်နီးချင်းအစ္စလာမ်မစ်နိုင်ငံများမှ လူနည်းစုများ ၎င်းတို့နှင့် အတူလာနေပါက ကြိုဆိုသွားမည်ဟု ဆို

အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ဆစ်ခ်လူမျိုးစု အစုအဖွဲ့သည် နိုင်ငံသားဖြစ်ခွင့်ပြင်ဆင်ချက် အက်ဥပဒေ (CAA) ပြဋ္ဌာန်းမှုနှင့် ပုဒ်မ ၃၇၀ ရုပ်သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း အစ္စလာမ်မစ်နိုင်ငံများမှ ဟိန္ဒူများနှင့် ဆစ်ခ် များကို ၎င်းတို့နှင့်အတူ တောင်ကြားဒေသ၌ လာရောက်အခြေချနေထိုင်ရန် ဖိတ်ခေါ်ကြိုဆိုလျက် ရှိသည်။

အိမ်နီးချင်းနိုင်ငံများမှ ဟိန္ဒူများနှင့် ဆစ်ခ် များ ၎င်းတို့နှင့်အတူ လာရောက်နေထိုင်ခြင်းကို ခွင့်ပြုရန် အဆိုပါ ဂျမူးနှင့် ကက်ရှ်မီးယားမှ ဆစ်ခ်အသိုက်အ၀န်းက အိန္ဒိယ ပြည်ထဲရေး၀န်ကြီး အမစ် ရှားထံ အဆိုပြုတင်ပြထားခဲ့သည်။

အထက်ပါ လူပုဂ္ဂိုလ်များ ငြိမ်းငြိမ်းချမ်းချမ်း အခြေချနေထိုင်နိုင်ရန် ၎င်းတို့ဘက်မှ ကူညီပေးမည်ဖြစ်ကြောင်းလည်း ဆစ်ခ် အသိုက်အ၀န်းက အာမခံခဲ့သည်။

“ကျွန်တော်တို့ ကက်ရှ်မီးယား ဆစ်ခ်တွေဟာ စီအေအေအပြင် ပုဒ်မ ၃၇၀ ရုပ်သိမ်းမှုကို ကြိုဆိုပါတယ်၊ ကမ္ဘာကြီးရဲ့ ကျန်တဲ့ နေရာဒေသတွေကနေ အိန္ဒိယကို လာတဲ့ ဆစ်ခ်တွေနဲ့ ဟိန္ဒူတွေ ကျွန်တော်တို့နဲ့အတူ နေထိုင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ ၀မ်းမြောက်ပျော်ရွှင်ကြရပါလိမ့်မယ်” ဟု ကက်ရှ်မီးယား အခြေစိုက် All Sikh Gurudwara Management committee (ASGMC) ၏ ပြောရေးဆိုခွင့်ရှိသူ ပါ၀မ်ဒါ ဆင်းန်က မကြာသေးခင်က ပြည်ထဲရေး၀န်ကြီးနှင့် တွေ့ဆုံခဲ့စဥ် ပြောခဲ့ကြောင်း Zee Media က ဖော်ပြသည်။

“သူတို့ရဲ့ အသက်မွေး၀မ်းကြောင်းတွေ စတင်တာ အပါအ၀င် သူတို့ လိုအပ်သမျှအားလုံးကို ကျွန်တော်တို့ သေချာ ထောက်ပံ့ပေးမှာပါ” ဟု ၎င်းက ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly