Sky Net က ကိုဗစ်-၁၉ ကူးစက်ခံရသော ဝန်ထမ်းများကို လစာအပြည့်နှင့် ဆေးခွင့်ပေးမည်ဟုဆို

Sky Net က ကိုဗစ်-၁၉ ကူးစက်ခံရသော ဝန်ထမ်းများကို လစာအပြည့်နှင့် ဆေးခွင့်ပေးမည်ဟုဆို

ဇူလိုင် ၁၃

 Sky Net ရုပ်သံသတင်းဌာနက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသော ဝန်ထမ်းများကို လစာအပြည့်နှင့် ဆေးခွင့်သတ်မှတ်ပေးမည်ဖြစ်ကြောင်း ယနေ့ညတွင် ကြေညာလိုက်သည်။

" လတ်တလောတွင် ဆေးရုံဆေးခန်းများနှင့် COVID-19 ကုသရေးစင်တာများသို့ ပို့ဆောင်ကုသေပေးနိုင်ရန် အခက်အခဲများရှိနေသည့်အချိန်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ကုမ္ပဏီအနေဖြင့် အလုပ်သမားဥပဒေနှင့်အညီ ဝန်ထမ်းများကို လစာအပြည့်နှင့် ဆေးခွင့်သတ်မှတ်ကာ မိမိတို့နေအိမ်များတွင် ပြန်လည်ကျန်းမာလာသည်အထိ နားနေခွင့်ပြုထားပေးပါသည်။" ဟု ည ၁၀ နာရီကျော်က ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။

" ပိုးတွေ့ရှိသူ ဝန်ထမ်းများအတွက် COVID-19 ကုသရေးစင်တာဖွင့်လှစ်ပေးနိုင်ရန် အမြန်ဆုံးစီစဉ်လျက်ရှိပြီး ၎င်းစင်တာသို့ခေါ်ဆောင်ကာ ကျန်းမာသည်အထိ ကုသပေးသွားရန် ကြိုးစားစီစဉ်လျက်ရှိပါကြောင်း" လည်း ကြေညာချက်တွင်ပါရှိသည်။

ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် Sky Net ၏ဝန်ထမ်းအင်အားကို အုပ်စုလိုက်ခွဲဝေပြီး လုပ်ငန်းဆောင်ရွက်ရန် ယနေ့အစောပိုင်းက ဝန်ထမ်းများကို Test Kit များဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ မရှိစစ်ဆေးရာက ဝန်ထမ်း အနည်းဆုံး ၁၀ ဦးတွင် Positive ဖြစ်သည်ကိုတွေ့ရှိခဲ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly