Sky Net ရုပ်သံလိုင်းဝန်ထမ်းများတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိ 

Sky Net ရုပ်သံလိုင်းဝန်ထမ်းများတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိ 

ဇူလိုင် ၁၃

ရန်ကုန်ရှိ Sky Net ရုပ်သံလိုင်းတွင် ဝန်ထမ်းအနည်းဆုံး ၁၀ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိရကြောင်း ယုံကြည်စိတ်ချရသောသတင်းရင်းမြစ်များအရသိရသည်။

ရုံးဝန်ထမ်းများကို  Test Kitဖြင့် ဆေးစစ်ရာက သတင်းခန်း၊ စားသောက်ဆိုင်၊ လုံခြုံရေးနှင့် ထုတ်လွှင့်ရေးကဏ္ဍများမှ ဝန်ထမ်းများထဲတွင် ကိုဗစ်ပိုးကူးစက်ခံရသူများတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ 

ကိုဗစ်ပိုးတွေ့သူအားလုံးကို နေအိမ်ပြန်စေခဲ့ကာ မိမိကိုယ်ပိုင်အစီအစဉ်ဖြင့် ကုသမှုခံယူရမှာဖြစ်သည်ဟု သိရသည်။

ကိုဗစ်-၁၉ တတိယလှိုင်းတက်လာချိန်တွင် Sky Net ၏ ရုံးဝန်ထမ်းများကို Camp သွင်းရန် ( ရုံးမှာပင်နေ၊ ရုံးမှာစားကာ အလုပ်လုပ်ခြင်း) နှင့် Work from Home (နေအိမ်မှအလုပ်လုပ်ခြင်း) တို့ လူခွဲရန်အတွက် ဆေးစစ်ခဲ့ခြင်းဖြစ်သည်။ 

ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်း ဧရာဝတီရေတပ်ဌာနချုပ်ရှေ့ရှိ Sky Net ရုပ်သံရုံးတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးသည့်အချိန်ကတည်းကစ၍ စစ်ကောင်စီတပ်များ တပ်စွဲနေခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly