တောင်တရုတ်ပင်လယ်တွင် ဗြိတိန်က တရုတ်ကို ကြီးမားသည့် စစ်အင်အားဖြင့် ခြိမ်းခြောက်နေ

By express.co.uk
13 July 2021
တောင်တရုတ်ပင်လယ်တွင် ဗြိတိန်က တရုတ်ကို ကြီးမားသည့် စစ်အင်အားဖြင့် ခြိမ်းခြောက်နေ

ဗြိတိန်က ပထမဦးဆုံးပင်လယ်သွား အထင်ကရ လေယာဉ်တင်သင်္ဘော HMS Queen Elizabeth ကို တောင်တရုတ်ပင်လယ်တွင် လာမည့်လများအတွင်း တပ်ဖြန့်ချထားရန် စီစဉ်နေသည်။

ဗြိတိန်က ပင်လယ်ရေကြောင်းဆိုင်ရာ နိုင်ငံတကာ ဥပဒေကိုယုံကြည်ကြောင်း တရုတ်ကဲ့သို့သော နိုင်ငံများအား ပြသသွား မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘော့ရစ်ဂျွန်ဆင်ကပြောကြားသည်။

မြေထဲပင်လယ်၊ အိန္ဒိယသမုဒ္ဒရာ၊ တောင်တရုတ်ပင်လယ်မှသည် ဂျပန်အထိ တပ်ဖြန့်ကျက်မည့် နိုင်ငံပေါင်း ၄၀ ကျော်က အပြန်အလှန်ချိတ်ဆက်မည့် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု (Carrier Strike Group) သည် ဗြိတိန်၏ တန်ဖိုးများနှင့် ယင်း၏ စစ်ရေးစွမ်းရည်များကို ဖော်ထုတ်သွားမည်ဟု သူကရှင်းပြခဲ့သည်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးကို တရုတ်က ပိုင်ဆိုင်ကြောင်း အခိုင်အမာတောင်းဆိုနေစဉ် ယင်းလှုပ်ရှားမှု သည် တရုတ်အစိုးရအား ခြိမ်းခြောက်မှုတစ်ခုဖြစ်နိုင်သည်။

“ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းပြောချင်တာတစ်ခုက ပင်လယ်ရေကြောင်းဆိုင်ရာနိုင်ငံတကာဥပဒေကို ယုံကြည်ကြောင်းကို တရုတ်ပြည်မှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ မိတ်ဆွေတွေကိုပြသလိုခြင်းဖြစ်သလို ယုံကြည်ချက်ရှိ ပေမယ့် ထိပ်တိုက်ရင်ဆိုင်မှုမဟုတ်တဲ့ နည်းလမ်းနဲ့ ဒီအချက်က မှန်ကန်ကြောင်းကို ကျွန်ုပ်တို့က သက်သေပြရပါလိမ့်မယ်” ဟု ဂျွန်ဆင်က ပြောခဲ့သည်။

“ ဘယ်သူ့ကိုမှ ရန်မလိုပါဘူး။ ဒါပေမဲ့ တရားဥပဒေစိုးမိုးရေး၊ ကျွန်တော်တို့ မှီတည်နေရတဲ့ နိုင်ငံတကာ ဥပေဒ အခြေခံတဲ့ စနစ်ကို တန်ဖိုးထားတယ်ဆိုတာကို မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အမေရိကန်၊ ဒတ်ချ်၊ သြစတြေးလျ၊ အိန္ဒိယ၊ တခြားနိုင်ငံပေါင်းများနဲ့ ပူးပေါင်းပြီး ဗြိတိန်က အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်”

HMS Queen Elizabeth သည် တောင်တရုတ်ပင်လယ်တွင် တပ်ဖြန့်မည့် ၈လတာ ခရီးစဉ်မတိုင်မီ မေလက လည်း မြေထဲပင်လယ်တွင် နေတိုးတပ်ဖွဲ့များနှင့် စစ်ရေးလေ့ကျင့်ခဲ့သေးသည်။

လေယာဉ်တင်သင်္ဘောသည် စွမ်းပကား ကြီးမားသည့် ကြေညာချက်ဖြစ်သည်ဟု ရေတပ်ဗိုလ်မှူးချုပ် စတိမိုးဟောက်က ပြောကြားခဲ့သည်။

“ ကျွန်တော်တို့က တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ ရေတပ်ဖြစ်ပြီး ဒီဒေသကို ပြန်လာချင်နေပြီဆိုတာကို ဖော်ပြနေတာပါပဲ” ဟု သူက ထပ်မံပြောကြားခဲ့သည်။

ဗြိတိန်သည် ပြင်သစ်နှင့် အတူ အီရတ်နှင့် အာဖဂန်နစ်စတန်တွင် အမေရိကန်၏ အဓိက စစ်မြေပြင် မဟာမိတ်ဖြစ်ခဲ့သလို ဥရောပသမဂ္ဂ၏ အဓိကစစ်အင်အားကြီး နိုင်ငံဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly