အိန္ဒိယ၏ အင်တာနက် စည်းမျဉ်းများကို တွစ်တာက အပြည့်အဝလိုက်နာမည်

By bloomberg.com
13 July 2021
အိန္ဒိယ၏ အင်တာနက် စည်းမျဉ်းများကို တွစ်တာက အပြည့်အဝလိုက်နာမည်

ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုနှင့် လွတ်လပ်ခွင့်ကို အားနည်းစေသည်ဟု ဝေဖန်သူများက သတ်မှတ်ထားသည့် အိန္ဒိယ အစိုးရ၏ စည်းမျဉ်းများနှင့် ပတ်သက်၍ အငြင်းပွားမှုများကို Twitter Inc. က အလျော့ပေးကာ အိန္ဒိယ၏ အင်တာနက် စည်းမျဉ်းသစ်များကို အပြည့်အဝလိုက်နာမည်ဟု တွစ်တာက ကတိပြုခဲ့သည်။

အမေရိကန် တွစ်တာကုမ္ပဏီက စည်းကမ်းထိန်းသိမ်းရေးအရာရှိချုပ်ကို ကြားဖြတ်ခန့်အပ်ခဲ့ကာ ဇူလိုင် ၁၁ ရက်တွင် နစ်နာချက်ဖြေရှင်းရေးအရာရှိကို ခန့်အပ်၍ ၈ပတ်အတွင်း အိန္ဒိယရုံးခွဲတစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီရှေ့နေက ဇူလိုင် ၈ရက်တွင် ဒေလီတရားရုံးသို့ ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလတွင် ဝန်ကြီးချုပ်မိုဒီအစိုးရက ထုတ်ပြန်ခဲ့သော ကြားဖြတ်စည်းမျဉ်းဥပဒေများအရ ယင်းအချက် များမှာ လိုအပ်ချုပ်အချို့ဖြစ်သည်။

Facebook Inc. ၊ WhatsApp၊ Google နှင့် အခြားကုမ္ပဏီများ တွေ့ဆုံဆွေးနွေးပြီး စည်းမျဉ်းအသစ်များအရ သုံးစွဲသူ၏ မကျေနပ်ချက် အစီရင်ခံစာများကို စတင်ပေးဝေနေပြီးဖြစ်သည်။

စည်းမျဉ်းများနှင့် ပတ်သက်၍ အီလက်ထရောနစ်နှင့် သတင်းအချက်အလက် အိန္ဒိယ နည်းပညာဝန်ကြီး ရာဗီရှန်ကာပရာဆဂ်နှင့် ပြင်းထန်စွာထိပ်တိုက်တွေ့ခဲ့ခြင်းအပါအဝင် တွစ်တာက ခေါင်းမာနေခဲ့သည်။

ယခုသီတင်းပတ်တွင် ဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သည့် ပရာဆဂ် ၏ နေရာကို ဆက်ခံသူ အက်ဝီနီ ဗာအစ်နော်က အိန္ဒိယတွင်နေထိုင်အလုပ်လုပ်သူများသည် အိန္ဒိယ၏ ဥပဒေများကို လိုက်နာရမည်ဟု ပြောကြားချက်ကို အိန္ဒိယ မီဒီယာ PTI က ကိုးကားဖော်ပြခဲ့သည်။

ယခုနှစ်အတွက် ရေးသားဖော်ပြချက်ပေါင်း ရာနှင့်ချီကို ဖယ်ရှားပေးရန်၊ ထိခိုက်လွယ်သော အသုံးပြုသူများ၏ အချက်အလက်များကို ထုတ်ဖော်ပြောကြားရန်နှင့် ကုမ္ပဏီများက လိုက်နာမှုမရှိပါက အမှုဆောင်အရာရှိများကို ထောင်ဒဏ်ချမှတ်နိုင်သောစည်းမျဉ်းဥပဒေစနစ်များ တင်ပြရန် အရာရှိများက Facebook နှင့် Twitter ကို တောင်းဆိုခဲ့သည်။

အစိုးရက ဆိုရှယ်မီဒီယာကုမ္ပဏီများသည် နိုင်ငံ၏ ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာကို ချိုးဖောက်နေသည်ဟု စွပ်စွဲခဲ့ပြီး၊ နည်းပညာကုမ္ပဏီများကလည်း အသုံးပြုသူများ၏ အခွင့်အရေးကို ယင်းစည်းမျဉ်းများက ချိုးဖောက်နေသည်ဟု ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly