ပုသိမ်မြို့က မြန်မာ့စီးပွားရေးဘဏ်မှာ ဝန်ထမ်း ၁၀ ဦး ကိုဗစ်ကူးစက်ခံရပြီး ဘဏ်ပိတ်ထား

ပုသိမ်မြို့က မြန်မာ့စီးပွားရေးဘဏ်မှာ ဝန်ထမ်း ၁၀ ဦး ကိုဗစ်ကူးစက်ခံရပြီး ဘဏ်ပိတ်ထား

ပုသိမ် မြန်မာ့စီးပွားရေးဘဏ်မှာ ဝန်ထမ်း ၁၀ ဦးကျော် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံခဲ့ရလို့ ဇူလိုင်လ ၁၃ ရက်နေ့ကစတင်ပြီး ဘဏ်ပိတ်ထားတယ်လို့သိရပါတယ်။
"ကျွန်တော်သွားကြည့်တာတော့ အရှေ့တံခါးလဲ၊ပိတ်ထားတယ်၊ဘေးတံခါး တွေလဲပိတ်ထားတယ်ဗျ၊အဲ့ဒီ ၁၀ ယောက်အပြင် ဘဏ်က တခြားဝန်ထမ်းတွေလဲ ဖျားနေကြတယ်လို့ကြားတယ်၊ဆက်ဖွင့်ထားရင် တစ်ဘဏ်လုံးကူးမှာစိုးလို့ပိတ်လိုက်တာထင်တယ်"လို့ ပုသိမ်ဒေသခံတစ်ဦးကပြောပါတယ်။
ပုသိမ်မြို့မှာ ဇူလိုင်လ ၁ ရက်နေ့ကစတင်ကာ မနေ့ကအထိသေဆုံးသူ ၁၀၀ ကျော်ထိ ရှိလာခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူအများအပြားနဲ့ အောက်ဆီဂျင် လုံလုံလောက်လောက်မရရှိတဲ့ ပြသနာတွေလဲ နေ့စဥ်ကြုံတွေ့နေရတယ်လို့ ပုသိမ်ဒေသခံတွေရဲ့​ပြောကြားချက်အရသိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly