ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုး တရားစွဲ

13 July 2021
ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုး တရားစွဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲမှာ နောက်ထပ် အဂတိ လိုက်စားမှု ၄ မှုနဲ့ ထပ်ပြီး စစ်ကောင်စီဘက်က တရားစွဲဆိုလိုက်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစောပိုင်းက တရားစွဲခံထားရတဲ့ အမှုတွေထဲက ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေချိုးဖောက်တယ်ဆိုတဲ့ အမှုတွေအတွက်လည်း တနင်္လာနေ့မှာ နေပြည်တော် အထူးတရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။ ပို့ကုန်၊ သွင်းကုန်အမှုနဲ့ပါတ်သက်လို့ သက်သေကို အပြန်အလှန်မေးခွန်းထုတ်စစ်ဆေးခဲ့တာမှာ ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးတဲ့နေ့က စစ်တပ်က နေအိမ်ထဲ ဝင်ရောက်ရှာဖွေတာမှာ ရှာဖွေဝရမ်းမပါခဲ့ဘူးဆိုတာ စစ်ဆေးသိခဲ့ရတယ်လို့ဦးခင်မောင်ဇော်က ပြောပါတယ်။ ဒါဟာ ဥပဒေနဲ့ မညီ လုပ်ဆောင်တာဖြစ်တယ်လို့ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။  
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly