ပဲခူးပြည်သူ့ဆေးရုံကြီးတွင် သူနာပြုနှင့်ဝန်ထမ်းများ ကိုဗစ်-၁၉ ကူးစက်ခံရ

ပဲခူးပြည်သူ့ဆေးရုံကြီးတွင် သူနာပြုနှင့်ဝန်ထမ်းများ ကိုဗစ်-၁၉ ကူးစက်ခံရ

ဇူလိုင် ၁၃

ပဲခူးပြည်သူ့ဆေးရုံကြီးမှ သူနာပြုများနှင့် ဝန်ထမ်းများအကြား အနည်းဆုံး ၁၀ ယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံနေရကြောင်း ယုံကြည်စိတ်ချရသောသတင်းရင်းမြစ်အရ သိရသည်။

ဇူလိုင်လ၁၂ရက်နေ့တွင် ဆေးရုံရှိဝန်ထမ်းများကို RDTနည်းဖြင့်စစ်ဆေးရာမှာ တွေ့ရှိခဲ့ကြောင်း ဆေးရုံနှင့်နီးစပ်သူများကပြောသည်။ 

ပဲခူးဆေးရုံအုပ်ကြီးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားရန် ငြင်းဆိုခဲ့သည်။ 

"ဆေးရုံက ဝန်ထမ်းတွေကူးတာတော့ အမှန်ပဲ။ ဘယ်နှစ်ယောက်လဲဆိုတာတော့ ကျွန်တော်အတိအကျမသိဘူး။ အရင်နေ့က စာရေးမတစ်ယောက်မှာပိုးစတွေ့တယ်။ အခုတော့ ကျန်တဲ့သူတွေမှာပါတွေ့တာဗျ။ များတယ်လို့တော့သိရတယ်"ဟု ပရဟိတလူငယ်တစ်ဦးမှပြောသည်။ 

ပဲခူးမြို့တွင် ယမန်နေ့က ကိုဗစ်ပိုးတွေ့သူလူဦး ၆၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၁၀ယောက်ရှိခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly