ပုသိမ်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် သေဆုံးသူ ၁၀၀ ကျော်ထိရှိလာ

ပုသိမ်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် သေဆုံးသူ ၁၀၀ ကျော်ထိရှိလာ
ဓာတ်ပုံ- Manaw Phyu

ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့မှာ ဇူလိုင်လ ၁ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီး သေဆုံးသူ ၁၂၂ ဦးရှိလာပြီလို့  မနောဖြူလူမှုကူညီရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သေဆုံးသူ ၁၀၀ ကျော်ထဲမှာ ပုသိမ်ဆေးရုံမှာသေဆုံးတဲ့ လူနာတွေ၊ နေအိမ်တွေမှာသေဆုံးတဲ့ လူနာတွေနဲ့ စစ်ဆေးရုံမှာ သေဆုံးတဲ့ လူနာတွေပါဝင်ပြီး

ပုသိမ်ဆေးရုံပြင်ပလူနာဌာန ကိုဗစ်အထူးကြပ်မတ်ဆောင်နဲ့ နေအိမ်တွေအထိ မနောဖြူ လူမှုကူညီရေးအသင်းက ရုပ်အလောင်းတွေကို သွားရောက်သယ်ဆောင်ပြီးနေ့စဉ်မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီအပြင် ပုသိမ်မြို့မှာ ကိုဗစ်အတည်ပြုလူနာတွေများပြားလာပြီး အောက်ဆီဂျင် လုံလုံလောက်လောက်မရှိတာကြောင့် သေဆုံးတဲ့ သူတွေ ပိုများလာတယ်လို့သိရပြီး ပုသိမ်မြို့ပေါ်ပရဟိတ အဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေက အောက်ဆီဂျင် ရနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ကူညီဆောင်ရွက်ပေးနေတယ်လို့လည်းသိရပါတယ်။

ပုသိမ်မြို့မှာ ဒီကနေ့ ဇူလိုင်လ ၁၂ ရက်မှာ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် သေဆုံးသူ ၂၆  ဦးရှိတယ်လို့လည်းသိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly