လူဦးရေ ၃ ဒသမ ၅ ရာခိုင်နှုန်းသာ ဆေးထိုးရသေးသည့် ပါကစ္စတန်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု များပြားလာ

လူဦးရေ ၃ ဒသမ ၅ ရာခိုင်နှုန်းသာ ဆေးထိုးရသေးသည့် ပါကစ္စတန်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု များပြားလာ

ပါကစ္စတန်သည် မကြာသေးမီက ကိုဗစ်ရောဂါတားဆီးရေးအတွက် ကန့်သတ်ချက်များကို ဖြေလျော့ပြီး နောက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု တ်ဖြည်းဖြည်းများပြားလာနေကြောင်း မျက်မြင်သက်သေများက ဆိုသည်။

ဇူလိုင်လ ၄ရက်တွင် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၀ဝဝ ကျော်ခဲ့ကြောင်း Gulf News မှ ဖော်ပြခဲ့သည်။

ဇူလိုင် ၄ရက်တွင် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၂၂၈ ဦးနှင့် သေဆုံးသူ ၂၉ ဦးရှိခဲ့ကာ ရောဂါဖြစ်ပွားမှုနှုန်းအားဖြင့် ၂ ဒသမ ၅၇ ရာခိုင်နှုန်းရှိကြောင်း အမျိုးသားကွပ်ကဲရေးနှင့် လုပ်ငန်းဖော်ဆောင်ရေးစင်တာ (NCOC) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းစာတွင် ဖော်ပြခဲ့သည်။

ပါကစ္စတန်တွင် နိုင်ငံလူဦးရေ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းသာ ဗိုင်းရပ်ကာကွယ်ဆေးထိုးရသေးသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အတက်နိုင်ဆုံး လူများများထိုးရန် အစိုးရက စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်သော်လည်း တိုင်းပြည်လူဦးရေ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းသာ ဗိုင်းရပ်ကာကွယ်ဆေးထိုးရသေးကြောင်း Geo News က ဇူလိုင်လ ၆ရက်တွင် ဖော်ပြခဲ့သည်။

အမျိုးသားကွပ်ကဲရေးနှင့် လုပ်ငန်းဖော်ဆောင်ရေးစင်တာမှ ထုတ်ပြန်သောအချက်အလက်များအရ ဇူလိုင် ၆ ရက်အထိ နိုင်ငံတစ်ဝန်းတွင် စုစုပေါင်းလူဦးရေ ၁၇၃၉၀,၃၄၆ ကာကွယ်ဆေးထိုးပေးခဲ့သည်ဟု ပါကစ္စတန်သတင်းဌာနကဖော်ပြခဲ့သည်။

ကိန်းဂဏန်းများအရ လူဦးရေ၏ ၁၄ ရာခိုင်နှုန်းကျော်ကို တစ်စိတ်တစ်ပိုင်းကာကွယ်ဆေးထိုးထားပြီး ဇူလိုင်လ ၅ ရက်တွင် နိုင်ငံတစ်ဝန်းလုံးတွင် ကာကွယ်ဆေးထိုး ၂၉၀,၃၇၇ ခုကို ထိုးပေးခဲ့သည်ဟု Geo News မှဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly