ထိုင်ဝမ်မှ Foxconn ကုမ္ပဏီက အမေရိကန်တွင် လျှပ်စစ်ကား စက်ရုံ တည်ဆောက်ရန် ဆွေးနွေးနေ

By yahoo.com
12 July 2021
ထိုင်ဝမ်မှ Foxconn ကုမ္ပဏီက အမေရိကန်တွင် လျှပ်စစ်ကား စက်ရုံ တည်ဆောက်ရန် ဆွေးနွေးနေ

ထိုင်ဝမ်အခြေစိုက် Foxconn ကုမ္ပဏီ က အမေရိကန်နိုင်ငံ၊ ဝစ်ကန်ဆင် ပြည်နယ်တွင် လျှပ်စစ်ကား ထုတ်လုပ်ရန် ဆွေးနွေးလျက်ရှိသည်ဟု ဇူလိုင် ၉ ရက်က သတင်း ထုတ်ပြန်လိုက်သည်။

Hon Hai Precision Industry ခေါ် Foxconn နှင့် အမေရိကန်မှ လျှပ်စစ်ကား ထုတ်လုပ်သည့် Fisker Inc တို့သည် ယာဉ်တပ်ဆင်ရေးဆိုင်ရာ သဘောတူညီချက် ပြုလုပ်လိုက်ကြောင်း မေလအတွင်းက ထုတ်ပြန်ခဲ့သည်။

လျှပ်စစ်ကား ထုတ်လုပ်မည့် နေရာကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဝစ်ကန်ဆင် ပြည်နယ်ရှိ Foxconn ၏ မြေနေရာတွင် ဖြစ်နိုင်ကြောင်း Fisker ၏ အမှုဆောင်အရာရှိချုပ်က ပြောကြားသည်။

Foxconn အနေဖြင့် ဝစ်ကန်ဆင် ပြည်နယ်တာဝန်ရှိသူများနှင့် စတင်ဆွေးနွေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မိမိတို့ ကုမ္ပဏီက လျှပ်စစ်ယာဉ်တွေ ထုတ်လုပ်ဖို့ အစီအစဉ်တွေကို ဝစ်ကန်ဆင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း(WEDC) နဲ့ တွေ့ဆုံညှိနှိုင်းနေပါတယ်။ ဆွေးနွေးမှု အောင်မြင်နိုင်ပြီး ဆက်လက် ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားပါမယ်” ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။

သဘောတူစာချုပ် မပြုလုပ်မီအချိန်အထိ မှတ်ချက်တစ်စုံတစ်ရာ မပေးနိုင်ကြောင်း WEDC ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့် နှစ်များက Foxconn သည် လျှပ်စစ်ယာဉ်များ ထုတ်လုပ်ရေးဆိုင်ရာ သဘောတူညီချက်များကို Fisker၊ တရုတ်နိုင်ငံမှ Byton and Zhejiang Geely Holding Group နှင့် ဒတ်ချ်နိုင်ငံအခြေစိုက် Stellantis NV ၏ Fiat Chrysler စက်ရုံအပါအဝင် ကားထုတ်လပ်သည့် လုပ်ငန်းများနှင့် သဘောတူစာချုပ်အများအပြား ပြုလုပ်ကြောင်း ကြေညာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly