ဝိုင်းမော် စစ်ကောင်စီတပ်စခန်းများ မိုင်းခွဲတိုက်ခိုက်ခံရ

ဝိုင်းမော် စစ်ကောင်စီတပ်စခန်းများ မိုင်းခွဲတိုက်ခိုက်ခံရ

ဇူလိုင် ၁၁

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် စစ်ကောင်စီတပ်နှင့်သူ၏မဟာမိတ်တို့ စခန်းချထားသောနေရာများကို ယနေ့ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများအပြောအရသိရသည်။

ဝိုင်းမော်မြို့အထွက် ရွှေညောင်ပင်ကျေးရွာရှိ အာဏာသိမ်းစစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (၃၂၁) နှင့် လီဆူပြည်သူ့စစ်များ စခန်းချနေထိုင်သည့် အောင်မြေ (၁) တံတားထိပ်ကင်းစခန်းများကို  KIA က ည  (၈) နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်သည်။ 

KIA ဘက်က တိုက်ခိုက်ခဲ့ပြီးနောက် ဝိုင်းမော်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းများဖြစ်သည့် (၅၈) နှင့် (၃၂၁) တို့က လက်နက်ကြီးပါအသုံးပြုကာပြန်လည်ပစ်ခတ်ခဲ့သည်။ 

ယခု သတင်းပေးပို့ချိန်အထိ ပစ်ခတ်သံများကို ကြားနေခဲ့ရသည်။

ဇူလိုင်လ (၈) ရက်နေ့ကလည်း ဝိုင်းမော်မြို့အထွက်  ရွှေညောင်ပင်ရွာက အကြမ်းဖက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (၃၂၁)ကို  KIA က ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly