ကွတ်ခိုင်တွင် ကိုဗစ်တတိယလှိုင်း၏ ပထမဆုံးလူနာ သေဆုံး

ကွတ်ခိုင်တွင် ကိုဗစ်တတိယလှိုင်း၏ ပထမဆုံးလူနာ သေဆုံး

ဇူလိုင် ၁၁

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင်  ကိုဗစ်ပိုးတွေ့လူနာ ၇၀ ကျော်အနက် ပထမဆုံးအနေဖြင့် အမျိုးသမီးလူနာတစ်ဦး ယနေ့ သေဆုံးသွားခဲ့သည်။

" ကူသမှုခံယူနေတာ ၇၇ဦး။ ဒီနေ့ တစ်ယောက် သေဆုံးသွားတယ်။ ဒေသခံတွေအနေနဲ့ ကိုဗစ်ကို ပေါ့မတွက်စေချင်ဘူး"ဟု ကွတ်ခိုင်မြို့မှ လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

ကိုဗစ်တတိယလှိုင်းအတွင်း ကွတ်ခိုင်မြို့၏ ပထမဆုံးသေဆုံးသည့် ပိုးတွေ့လူနာမှာ အသက် ၄၀အရွယ် အမျိုးသမီးတစ်ဦး ဖြစ်သည်။ 

ကွတ်ခိုင်အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင်ကိုဗစ်ပိုးတွေ့လူနာ များပြားလာပြီး သီပေါမြို့တွင်လည်း ယနေ့  တစ်ရက်တည်း၌ ၁၃ ဦး တွေ့ရှိခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly