မြောင်းမြမှာ အပြင်ထွက်ခွင့်ကဒ်တွေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ၅၀၀နဲ့ရောင်းနေ

မြောင်းမြမှာ အပြင်ထွက်ခွင့်ကဒ်တွေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ၅၀၀နဲ့ရောင်းနေ

ဇူလိုင် ၁၁

Stay at Home သတ်မှတ်ထားတဲ့ ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ကိုဗစ်၁၉ ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်သူတွေကို နေအိမ်ပြင်ပထွက်ခွါခွင့် ကန့်သတ်ထားပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက နေအိမ်ပြင်ပထွက်ခွါခွင့်ကဒ်တွေကို တစ်ကဒ်ကို ၅၀၀ကျပ်နှုန်းနဲ့ ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်ပြင်ပထွက်ခွါခွင့် ကဒ်ဟာ အိမ်ထောင်စု တစ်ခုကို တစ်ကဒ်သာ ရှိရမှာဖြစ်ပြီး အပြင်သွားမဲ့သူက ကဒ်ပါမှ သွားခွင့်ရှိမှာလဲ ဖြစ်ပါတယ်။

“တစ်အိမ်ကို တစ်ယောက်ပဲထွက်ရမယ်လို့ လိုက်ကြေညာထားတယ်။ အပြင်ထွက်ရင် အပြင်ထွက်ခွင့်ကဒ်ပါမှ ထွက်လို့ရမယ် မဟုတ်ရင် ဖမ်းမယ်လို့ကြေညာတယ်၊ ပြီးလည်းပြီးရော ကဒ်တွေကို လိုက်ရောင်းစားနေတယ်။ တစ်ကဒ်ကို ၅၀၀ပေးရမယ်ပြောတယ်၊ တစ်အိမ်ကို တစ်ကဒ်ပဲရမယ်လို့ ပြောပေမဲ့ ပိုက်ဆံပိုပေးရင် ရောင်းတာပဲ”လို့ မြောင်းမြမြို့ခံတစ်ဦးကပြောပါတယ်။

NLDအစိုးရလက်ထက်မှာ Stay at Home သတ်မှတ်ထားတဲ့မြို့တွေမှာ နေအိမ်ပြင်ထွက်ခွါခွင့်ကဒ်တွေကို အခမဲ့ထုတ်ပေးခဲ့ပေမဲ့ စစ်ကောင်စီလက်ထက်မှာတော့ ကဒ်ပြားတစ်ခုကို ၅၀၀ကျပ်ကနေ ၁၀၀၀ကျပ်ထိ တောင်းခံရောင်းချနေတာပဲဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly